10(U)

1K 77 1
                                    

ဝမ်ရိပေါ်ရဲ့အသက်14နှစ်မှာ မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရတယ်။မနက်မိုးလင်းရင်မားရဲ့ 'သားလေး ကျောင်းနောက်ကျမယ်ထတော့'ဆိုသည့်အသံလေးလည်းမကြားရတော့သလို companyသွားခါနီးပါးပါးရဲ့'ငါ့သားလေး မွချ်'ဆိုသည့်အနမ်းများလည်းမခံရတော့ ။မားနဲ့ပါးတို့မရှိတော့ ကျောင်းမသွားလည်းဆူမယ့်လူမရှိဘူးးး တက်ချင်တက်မတက်ချင်နေ ကိုယ့်ကို ဂရုတစိုက်နဲ့ကြည့်ပေးမယ့်လူလည်းမရှိဘူး။အဲ့တော့ ဝမ်ရိပေါ်က အတုအယောင်တွေများတဲ့လောကကြီးထဲမှာ
ကိုယ့်ခံယူချက်နဲ့ကိုယ် ဘယ်သူ့ကိုမှလူမထင် ထင်ရာစိုင်းတတ်လာတယ်။ပတ်ဝန်းကျင်လား?နားထားစမ်းပါ အရေးမပါဘူး....

မိဘများဆုံးရှုံးခဲ့ရသည့်ဝမ်ရိပေါ်ရဲ့ဘဝမှာ လမ်းဘေးမှာ ကူကယ်ရာမဲ့နေတဲ့ ရှောင်းရှန်းဆိုသည့်လူက ခင်တွယ်ရာဖြစ်လာခဲ့တယ်။ရှောင်းရှန်းဟာgayတစ်ယောက်ဖြစ်တာကြောင့် အိမ်ကမောင်းထုတ်ခြင်းကိုခံခဲ့ရတယ်။လမ်းဘေးမှာတအိအိငိုနေတုန်း'ကျွန်တော်နဲ့အတူတူ လိုက်နေ'ဆိုသည့်ဂျစ်ကန်ကန်အဆိုးလေးဝမ်ရိပေါ်နဲ့တွေ့ခဲ့ရတာ။
မျက်နှာလေးကအေးချမ်းပြီး ချစ်ချင်စရာကောင်းတဲ့ ရှောင်းရှန်းကို ဝမ်ရိပေါ်ကမြင်မြင်ချင်း ဂရုဏာသက်စွာအိမ်ကိုအတူလိုက်နေစေသည်။အစစအရာရာကအစ အသေးစိတ် လိုက်ဂရုစိုက်ပေးကါ နေ့တိုင်းမြင်တွေ့နေရသည့်အခါ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းညှိဆိုသည့်အတိုင်း ညှိကုန်ကြသည်။

အရာရာအားလုံးအဆင်ပြေနေခဲ့သည့်တိုင် ရှောင်းရှန်း၏စိတ်ထဲတွင် အဖုအထစ်နည်းနည်းရှိခဲ့သည်။ဝမ်ရိပေါ်အပေါ်တွင် ပဲမှီခိုမနေချင် ကိုယ့်အားကိုကိုးကာ ကိုယ့်လမ်းကို လျှောက်ချင်သည်။ရှောင်းရှန်းသည်အထက်တန်းကျောင်းကဆရာတစ်ယောက်ဖြစ်နေသည့်အခါပိုဆိုး၏။သူ့ထက် အသက်အများကြီးငယ်တဲ့ဒီကောင်လေးပေါ်မှာပဲ မှီခိုနေလို့ဘယ်ဖြစ်မလဲလေ။ထို့ကြောင့် ကျောင်းကဆရာများအတွက်scholorshipရွေးတုန်းကသူဝင်ဖြေခဲ့ခြင်း။ကံကောင်းထောက်မစွာနဲ့ ရှောင်းရှန်းဟာ scholarship အောင်ပြီးNewYorkတွင် 3နှစ်စာသင်ရန်အကြောင်းဖန်လာခဲ့သည်။

B O G(ZSWW)[Complete] Where stories live. Discover now