2(U)

2.1K 110 0
                                    

ဆရာမနဲ့အတူရှောင်းကျန့်အတန်းတစ်ခုဆီလျှောက်လာခဲ့ကြသည်။ခနလျှောက်အပြီးလမ်းဆုံးရဲ့ညာဘက်အခန်းclass B-1ထဲကိုဆရာမကအရင်ဝင်သွားကာအပြင်မှာသူ့ကိုစောင့်ခိုင်းထားသည်။

ကျောင်းသားတွေကတော့ဆရာမလာခင်ထုံးစံအတိုင်းဆူညံပွက်လောရိုက်နေပေမယ့်အခန်းထဲဆရာမဝင်လာတာမြင်ရောမီးကိုရေနဲ့ပတ်သလို တိတ်ကျသွားလိုက်တာ ဘာသံမှကိုမကြားရတော့။

"ဒီနေ့ ဆရာမတို့အတန်းကို ကျောင်းသားအသစ်တစ်ယောက်ရောက်တယ် ကဲ...သားဝင်လာခဲ့တော့"

ဆရာမကအတန်းကိုပြောပြီးတာနဲ့သူ့ဘက်ကိုလှည့်ပြီးပြောတယ်။ဆရာမကိုခေါင်းတစ်ချက်ငြိမ့်ပြကာ
အတန်းထဲဝင်သွားတော့စကားသံတီးတိုးတီးတိုးတွေထွက်လာသည်။

ဒေါက် ဒေါက်

ဆရာမကခုံကိုdusterနဲ့နှစ်ချက်လောက်ခေါက်ပြီးအခြေအနေကိုထိန်းတယ်။အသံတိတ်သွားမှ ရှောင်းကျန့်အား ပြုံးပြလာပြီးအတန်းကိုမိတ်ဆက်ခိုင်း၏။

"မိတ်ဆက်လိုက်ပါဉီးးး"

"သာ့ကျားဟောင် ဝေါ်ရှစ် ရှောင်းကျန့် ကူညီပေးပါဉီးး"

"သား ဟိုနောက်ဆုံးကခုံမှာသွားထိုင်လိုက်နော်"

"ဟုတ်ကဲ့ ဆရာမ"

"ကဲ ကဲ မနေ့ကသင်လက်စစာမျက်နှာ23ကိုပြန်ဖွင့်"

နောက်ဆုံးခုံကသူ့ထက်အရင်ရောက်နှင့်နေသော တစ်ယောက်မှာ အမဲရောင်
hoodieခေါင်းစွပ်ကိုစွပ်ကာမှောက်အိပ်နေသည်။ဆရာမစာသင်မယ်လို့ပြောတာတောင်ခေါင်းမထောင်လာ။ဒါမျိုးဆိုရှောင်ကျန့်ကမနေနိုင်။ကျောင်းလာတာစာသင်ဖို့လာတာမဟုတ်ဘူးလား စာမသင်ဘဲကျောင်းလာပြီးဆရာမစာသင်နေတဲ့အချိန်မှောက်အိပ်တာတော့ ဒါသတ်သတ်ဆရာမကိုစော်ကားတာပဲ။

"ဟေ့....ဟေ့....မင်းး...."

လေသံလေးနဲ့ဆရာမမကြားအောင်ထိုလူကိုလက်တို့ခေါ်လိုက်တယ်။ထိုလူကလည်းချက်ချင်းခေါင်းထောင်ကြည့်လာတယ်။

"ဘာလဲ.....ထပ်အနမ်းခံချင်သေးလို့လား"

ခေါင်းထောင်ကြည့်လာတဲ့လူရဲ့မျက်နှာကိုမြင်ပြီးအံ့သြရသလိုပြောလာတဲ့စကားကြောင့်လည်းဒေါသထွက်ရသည်။

B O G(ZSWW)[Complete] Hikayelerin yaşadığı yer. Şimdi keşfedin