29(U)

1K 55 0
                                    

"ဒါ.....ဒါဆို....ရိပေါ်ကအတိတ်မေ့နေတာပေါ့....."

ပါးစပ်ကိုလက်နဲ့အုပ် မျက်လုံးကြီးပြူးပြီးမေးလာပုံကိုက ထုထောင်ပစ်ချင်စရာကောင်းနေတာ....... ဟူးးးးစိတ်လျော့ စိတ်လျော့

"အွန်း....."

"ဟမ်...မ....မဟုတ်သေးဘူးလေ.....အတိတ်မေ့နေတယ်ဆို ရှောင်းကျန့်ကိုဘာလို့ ကိုကို လို့ခေါ်မှာလဲ......"

ဖြောင်းး!!

"အ....နာလိုက်တာ"

"ငါလည်း ဘယ်သိမှာလဲဟ...."

စိတ်မရှည်လာတော့ ကျောကုန်းကိုတစ်ချက်လောက်ဆော်ထည့်ပေးလိုက််...မှတ်ကရော

"အော်...."

အော်ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့ဘက်ကိုမျက်နှာလှည့်ထိုင်နေရာကနေအရှေ့တည့်တည့်ကိုပြန်လှည့်သွားသည်။

"ရှန်း~"

"ဟင်....."

"ငါ့ကို အခွင့်အရေးပေးပါလားဟင်"

"ဘာကိုလဲ"

"မင်းသိပါတယ်ကွာ ရှန်း ငါ့ကိုကြိုးစားနိုင်မယ့်အခွင့်အရေးလေးပေးပါနော်"

"ငါ.......ငါ.....ရိပေါ်ကို ချစ်နေတုန်းပဲ....."

"ချစ်လေ....ချစ်ပါ....ရပါတယ်......မင်းချစ်ချင်တဲ့လူကိုချစ်.....ဒါပေမယ့် ငါ့ကို ကြိုးစားခွင့်လေးတော့ပေးပါ"

"....."

"ရှန်း"

"ငါ..... "

————☘

"ကိုကို ....ကိုကို ကဘာလို့ဆေးရုံတက်နေရတာလဲဟင်....ဘာဖြစ်လို့လဲ......"

"ကျွန်တော်က ဆိုင်ကယ်မှောက်လို့ ဆေးရုံတက်ရတာထင်တာပဲ သိလား ကိုကို ဆိုင်ကယ်မှောက်ပါတယ်ဆို နှလုံးအစားထိုးရတယ်တဲ့ မရယ်ရဘူးလား.....ဆိုင်ကယ်မှောက်တာကို ဘယ်လို နှလုံးကအစားထိုးကုသ သွားရတာလဲ တစ်ခါမှ မကြားဖူးဘူး"

"ကိုကို...."

မျက်စံလေးတွေလှုပ်လီလှုပ်လဲ့ဖြစ်လာတဲ့ ကိုကိုကြောင့် ရိပေါ် လက်မကိုင်မိ ခြေမကိုင်မိ.......ကိုကို သတိရလာပြီ.......

"အ...အသည်း"

ကိုကိုက သူ့ကိုကြည့်ပြီး အသည်းလို့ခေါ်ကာ လက်လှမ်းတယ် ဘယ်သူမှမရှိမှန်းသိပေမယ့် ရိပေါ် ​ဘေးဘီအနောက်ကိုလှည့်ကြည့်လိုက်သေးတယ်။ကိုကို က သူ့ကိုအသည်းလို့ခေါ်တာလား...

B O G(ZSWW)[Complete] Where stories live. Discover now