26(U)

929 62 10
                                    

"ဒါကို ဟိုဘက်နည်းနည်းရွှေ့လိုက်ဉီးး အင်းး အဆင်ပြေပြီ"

နှစ်တွေအကြာကြီး စိတ်ကူးခဲ့ရတဲ့planလေးမို့100%တော့ အဆင်ပြေချောမွေ့စေချင်တာအမှန်.....အသည်းကိုဒီလာအောင်မြှားခေါ်မယ် ပြီးရင် planအတိုင်း လက်ထက်ခွင့်တောင်းမယ်....ကိုယ့်အတွေး...ကိုယ့်planနဲ့တင် ပြုံးပျော်နေတဲ့ရှောင်းကျန့်ဟာ တစ်ဖက်ကားလမ်းကပြေးလာနေတဲ့ အဖြူရောင်အရိပ်လေးကိုတော့မြင်ပုံမရ

Long coat အမဲရောင်အရှည်အိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး အသည်းဆိုတဲ့contactလေးဆီဖုန်းခေါ်လိုက််တယ် အသည်းကဒီရှေ့နားကcafeဆိုင်မှာပဲဆိုတော့ ဒီကိုရောက်ဖို့သိပ်မလိုလောက်ပါဘူး......ခေါ်နေပေမယ့် ဖုန်းမကိုင်လာတဲ့အသည်းကဘာများလုပ်နေသလဲမသိ.....ဖုန်းကိုနားနားကပ်ရင်း ကားလမ်းဘက်လှည့်ကြည့်တဲ့တစ်ခန ရှောင်းကျန့် ကမ္ဘာကြီးရပ်တန့်သွားသလိုပဲ .......ဒီဘက်လမ်းဆီပြေးလာနေသည့်အသည်းနှင့် အရှိန်နဲ့မောင်းနှင်လာတဲ့ကုန်တင်ကားတစ်စီးး

ဘယ်လိုပြေးလိုက်လည်းမသိပေမယ့် ကပ်ခါနီးဆဲဆဲမှာအသည်းဘေးနားရောက်သွားသည့်ရှောင်းကျန့်က
အသည်းအား ဘေးကိုအမြန်တွန်းထုတ်လိုက်သည်။မရှုမလှနဲ့ ကိုယ်တိုင်ကတော့ အမြင့်ပေ2kiloလောက်ကိုလွှင့်ထွက်ပြီး အောက်ကိုပြုတ်ကျလာတာကြောင့် ခန္တာကိုယ်တစ်ခုလုံးအရိုးတွေကျိုးသွားပြီလား အောက်မေ့ရ၏။dramaတွေထဲ ကားတိုက်ရင် သွေးအန််တယ်ဆိုတာလျှောက်လုပ်တယ်ထင်ပေမယ့် အဟင်းးး အခုကျတကယ်ပဲ သွေးအန်တာပဲ။သို့သော်လည်း သွေးပူနေတုန်းမို့လားမသိ ဘယ်နေရာမှမနာသလို အသည်းဆီသာ တရွတ်တိုက်ရောက်အောင်သွားပြီးအသည်းဘယ်နေရာထိခိုက်သွားလဲ ကြည့်ရသည်။ အသည်းတစ်ခုခုဖြစ်ရင် သူရင်ကျိုးရမှာ....

တွန်းထုတ်လိုက်လို့လမ်းဘေးကိုရောက်သွားသည့်အသည်းက မျက်နှာနဲ့လက် ခြေသလုံးဖွေးဖွေးတွေဆီခြစ်ရာကလွှဲ အကုန်လုံးအဆင်ပြေသည်။သို့သော်လည်း လန့်သွားပုံရတဲ့အသည်းကြောင့်ရင်ခွင်ထဲထည့်ဖက်ကာ
အသည်းရောဂါရှိတယ်ဆိုတာသိကတည်းကသွားလေရာအိတ်ကပ်ထဲအမြဲဆောင်ထားသည့်အသည်း
ရဲ့ဆေးလေးကိုထုတ်ပြီးပါးစပ်ထဲထည့်ပေးလိုက်သည်။

B O G(ZSWW)[Complete] Where stories live. Discover now