12(U)

962 71 0
                                    

"ရိပေါ် ဒါလေး စားလိုက်နော် ဆေးလည်းသောက်ရဉီးမှာ "

အခန်းထဲရှိပြတင်းပေါက်ကိုသာ ငေးနေသည့်ရိပေါ်က ရှောင်းရှန်းပြောတာကိုတောင်ကြာရဲ့လားမသိ။ ငေးမြဲငေးနေသည်။ ပါးနုနုဖောင်းဖောင်းပေါ်စီးကျနေတဲ့ မျက်ရည်စက်တွေကရှောင်းရှန်းရဲ့ ရင်ကိုနာကျင်စေတာတော့အမှန်....

ဘေးနားကကြည့်နေသည့် ဟောက်ရွှမ်းလည်း စိတ်မချမ်းသာ ။ပြတင်းပေါက်အပြင်ကို မျက်ရည်တွေကျရင်းငေးနေသည့် ရိပေါ်နဲ့ ဆန်ပြုတ်ပန်းကန်လေးကိုင်လို့ ရိပေါ်ကို ကြည့်ရင်း မျက်ရည်ကျနေတဲ့ ရှောင်းရှန်း ။

"ရိပေါ်! ......ဝမ်ရိပေါ်! !!! မင်းဘာဖြစ်တာနေတာလဲ"

ဟောက်ရွှမ်းရဲ့လက်ထဲမှာ ရိပေါ်က အသက်မဲ့နေတဲ့အရုပ်လေးတစ်ရုပ်လို...... ။

"ဟောက်ရွှမ်း ...ဟောက်ရွှမ်း....တော်ပါ တော်ပါတော့ "

"ရှောင်းရှန်းge.... အားနာပေမယ့်ခနလောက်အပြင်ထွက်ပေးလို့ရမလား"

ရုပ်တည်နဲ့ဟောက်ရွှမ်းကပြောလာတာမလို့ အသာတကြည်သာ အပြင်ထွက်လာခဲ့တယ်။ရိပေါ်ဘာမှတော့မဖြစ်လောက်ပါဘူး.........

"ဟေ့ကောင် ရိပေါ်...ဝမ်ရိပေါ် "

ပြန်ကြည့်လာတဲ့မျက်လုံးတွေမှာ အသက်မပါသလို....

"-ီး.... ဘယ်လိုမျက်နှာနဲ့ ငါ့ကိုလာကြည့်နေတာလဲ ပြော မင်းဘာဖြစ်နေတာလဲ ပြောစမ်း"

"......."

"ဘာလဲ ရှောင်းကျန့် ကိုတွေ့ချင်တယ်လို့ပြောမလို့လား"

"....."

"ဟေ့ကောင် အခုမှ လလလလတွေလာမလုပ်နဲ့ ငါမင်းကို အစကတည်းကမပြောခဲ့ဖူးလား မင်းရှောင်းကျန့်ကိုချစ်နေတာလို့ ရှောင်းနဲ့ကအနေနီးတာရယ် မင်းကိုဂရုစိုက်တွေရယ်ကို သာယာနေတာလို့"

"ငါ့ကိုဇာတ်ကားတွေထဲကလိုdramaတွေ
လာမချိုးပြနဲ့ မင်းခြေထောက်အရှင်းကောင်းသွားတဲ့အချိန် ကျမှ ငါ့ကိုအဖြေပြန်ပြော"

💮
"ဟောက်ရွှမ်း ~"

"ဘာတုန်း"

"ငါ့....ငါ့ကို ရှောင်းကျန့် စိတ်ဆိုးသွားတယ်ထင်တယ်"

B O G(ZSWW)[Complete] Where stories live. Discover now