13(U)

965 72 0
                                    

ရှောင်းရှန်းကို ချစ်ရတဲ့လူတစ်ယောက်အားဒီလောက်မြန်မြန်နဲ့ လွယ်လွယ် စွန့်ပစ်နိုင်ခဲ့တယ်လို့ မြင်နေကြမှာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရှောင်းရှန်းသေလောက်အောင်ခံစားခဲ့ရတာ။သိသိချင်းတွင် NewYork မှာစာတောင်မလုပ်နိုင်ခဲ့ဘူး။အရက်သောက် ကလပ်တက်ကာ ရန်များလည်းဖြစ်ခဲ့ရသည်။

အခုပြန်လာတာလည်း scholarship သင်တာပြီးမြောက်သွားလို့မဟူတ် .....ရိပေါ် သူနဲ့အနေဝေးလို့ တစ်ခြားသူကိုစိတ်ယိုင်သည်ဟု ခံယူတာမလို့ ရိပေါ်အနီးအနားတွင် ပြန်လာနေခြင်းး...

သို့ပေသည်....ရိပေါ်၏စိတ်အလုံးစုံကို သူမပိုင်တော့ ရှောင်းကျန့်ဆိုသူထံတွင် ရောက်နှင့်နေပြီ။ သူကဘာတက်နိုင်မှာလဲ......

Anyway,he is the first love of yibo.

ထိုစကားကိုလက်ဆွဲကာ ရှောင်းရှန်း နေတက်အောင်ပင် နေရတော့မည်။

☘☘☘
အချိန်လွန်မှလူတွေဘာလို့နောင်တရကြလဲဆိုတာ ရိပေါ်တစ်လျှောက်လုံးစဉ်းစားလာခဲ့တာ...အခုသူကိုယ်တိုင်ကြုံရမှနားလည်သည်။ အတိတ်က မဆင်မခြင်ပဲလုပ်ခဲ့မိတဲ့အပြုအမူတွေအတွက် ယခုပစ္စုန်ပန်တွင် ပြန်ပေးဆပ်နေရသည့်အခါ နောင်တဆိုတဲ့သဘောတရားကိုနားလည်ခဲ့တာ.....

ရိပေါ်တစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုလိမ်ခဲ့တယ်......ရှောင်းကျန့်သူ့နားရှိနေတဲ့အချိန်၊အစစအရာရာ ထမင်းစားတာကအစ ရေသောက်တာအဆုံးဂရုစိုက်ပေးတဲ့အချိန်၊ဝမ်းနည်းတဲ့အချိန်တိုင်း ရင်ခွင်နွေးနွေးကိုဖွင့်လို့ ကြိုဆိုခဲ့တာတွေ အားလုံး အားလုံးကို သူအရမ်းသဘောကျခဲ့တယ်။ဒါပေမယ့် ရိပေါ်ဆီမှာ ရှောင်းးတစ်ယောက်လုံးရှိသေးတယ်ဆိုတဲ့အတွေးဝင်လာလျှင် ရှောင်းကျန့်ကိုဆုံးရှုံးရမှာလည်းကြောက်လာသည်။ ရှောင်းနဲ့ ရိပေါ်နဲ့အကြောင်းကိုသိသွားခဲ့ရင် ရှောင်းကျန့် စိတ်ဆိုးမှာ ဒေါသထွက်မှာ ထားခဲ့မှာကြောက်တယ်... ဒါကြောင့် ရှောင်းကျန့်အရင်မထားခဲ့ခင် ရှောင်းကျန့်စိတ်မပျက်ခင် ရိပေါ်အရင် ရှောင်းကျန့်ကိုရှောင်ပြီး ဂရုမစိုက်သလိုနေခဲ့သည်။အခုတော့မျှော်လင့်ထားတဲ့အတိုင်း ရိပေါ်ဘက်ကအရင်စလမ်းခွဲနိုင်ခဲ့တယ်...ဒါပေမယ့် ဘာလို့မပျော်မရွှင် ဖြစ်နေတာလည်း ဆိုသည့်အကြောင်းပြချက်ကိုလည်းရှာမတွေ့ခဲ့.....

B O G(ZSWW)[Complete] Where stories live. Discover now