25(U)

935 62 10
                                    

ပြောဖို့အချိန်ကျလေပြီထင်......ဒီလိုပဲဆက်သွားနေရင် ရှောင်းရှန်းအတွက်အရမ်းကိုခက်ခဲလွန်းသည်။ အချိန်တွေကြာလာလေ ရိပေါ်ကိုပိုချစ်လာလေဖြစ်နေသည့် မိမိ့ကိုယ်တိုင်ပင်နားမလည်နိုင်အောင်ဖြစ်နေသည်။ ကိုယ့်စိတ်ကိုမလုံတော့တာကြောင့်အမှန်တရားကိုအမြန်ဖွင့်ပြောကာ ရိပေါ်ဘေးကနေခွာရမည်။

"ဟယ်လို ရိပေါ် ရှောင်းပြောစရာရှိလို့ အွန်း Candy cafeဆိုင်မှာစောင့်နေမယ်"

ဖုန်းချပြီးတာနဲ့ သက်ပြင်းဖွဖွလေးချကာ ကိုယ့်ကိုယ်အချိန်ယူရသည်။မင်းနားလည်နိုင်ဖို့မျှော်လင့်ရတာပဲ......

————☘

"အင်းး ငါ ဒီနေ့ပဲ အကောင်အထည်ဖော်မယ်"

"ဟူတ်လှချည်လား"

"ဒါပေါ့ ငါပြင်ခဲ့တာ ဘယ်လောက်ကြာပြီမို့လဲ"

"မင်းကတော့ တကယ့်စံပဲဟေ့​ေကာင်"

ရယ်သွမ်းနှောကာ ဟောက်ရွှမ်းပြောလေတော့ ဒါပဲလေဆိုသည့်မျက်နှာထားနှင့်မျက်ခုံးတစ်ချက်ပင့်ပြလာသည်။

"မင်းတာဝန်ယူထားတဲ့ အပိုင်းတွေကိုသာမလစ်ဟင်းစေနဲ့"

"စိတ်ချပါ ငါကဘယ်သူမလို့လဲ"

"ဟင်းးဟင်းး"

"ငါစောင့်ကြည့်ဉီးမယ် မင်းပြောတဲ့100%သေချာတယ်ဆိုတာကို"

"စောင့်ကြည့်ပေါ့ "

ရှောင်းကျန့်ရင်တွေတဒိတ်ဒိတ်ခုန်ကာရောက်လာတော့မည့်အချိန်ကာလလေးကိုစိတ်ကူးယဉ်နေမိသည်။အဲ့အချိန်အံ့သြ သွားမည့်ရိပေါ်ရဲ့မျက်နှာလေးကိုမြင်ယောင်ရင်း အပျော်ကြီးပျော်နေတော့တာပဲ.........

ရှောင်းကျန့်နှင့်ဟောက်ရွှမ်းဘယ်လိုကစရင်းနှီးသွားသလဲဆို ရိပေါ်ကြောင့်လို့ပြောရမှာပဲ....။

💮
အချိန်တွေက ကုန်လာလိုက်တာ သူတောင်ဒီရောက်နေတာ တစ်နှစ်ပြည့်ပြီး2လလောက်ရှိရောပေါ့....ရိပေါ်ကော အဆင်ပြေနေပါ့မလား.....ပြေမှာပါလေ ရှောင်းတစ်ယောင်လုံးရှိနေတာကို.....ငါထွက်သွားရင် မင်းတစ်ခုခုတော့ဖြစ်လောက်မှာဆိုပြီး မျှော်လင့်ခဲ့တဲ့ငါက မင်းရဲ့လမ်းခွဲမယ်ဆိုတဲ့စကားအပြီးမှာအကုန်ပျောက်ရှခဲ့ရတယ်။မင်းဆိုင်ကယ်လဲလို့ အပြေးလိုက်လာမိတဲ့ ငါက အရူးတစ်ယောက်သာသာထက်မပိုခဲ့ဘူး.....

B O G(ZSWW)[Complete] Where stories live. Discover now