4(U)

1.1K 100 0
                                    

"မင်းတကယ် ငါ့ကိုချစ်လာရင်ကောင်းမယ်"

အိပ်နေတဲ့ရိပေါ်ရဲ့နဖူးကိုဖိနမ်းပြီးနဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးရင်းရေရွတ်မိသည်။

ရှောင်းကျန့်ရဲ့ဘဝမှာ လူတစ်ယောက်ကိုရင်ခုန်ပြီးချစ်တယ်ဆိုတာ ရိပေါ်နဲ့ကျမှဖြစ်တည်လာတာမို့ ရိပေါ်ကိုအပိုင်လိုချင်ပါသည်။ဒါပေမယ့် သူပျော်ဖို့ထက်ရိပေါ်ပျော်ဖို့ကသာအဓိကလို့ သတ်မှတ်ထားသည့်သူ့အတွက် ရိပေါ်ရဲ့ဆန္ဒအတိုင်းတစ်သွေမတိုင်းလိုက်နာဖို့အသင့်ပင်။

"မင်းသာလိုအပ်ရင် ငါရဲ့အသွေးအသားတွေထိအကုန်ပေးနိုင်တယ် ဝမ်...... ဒါပေမယ့် မင်းကတော့ ငါ့ကိုပွင့်လင်းဖို့လိုမယ်"

သူများအမြင်တွင်တော့ ရယ်စရာကောင်းချ
င်ကောင်း
နေလိမ့်မည်။မြင်မြင်ချင်းအချစ်တဲ့လား ယောကျာ်းအချင်းချင်း လျှောက်အာချောင်နေတာ ဒါမျိုးတွေပေါ့။ကိုယ်ခံစားနေရတာ ကိုယ်တိုင်ပဲသိတာ မလို့ ကိုချစ်တဲ့လူအတွက်ကလွှဲရင် ဘယ်သူ့ကိုမှထုတ်မပြချင်တာအမှန်။ကိုယ်တိုင်လည်းတစ်လလောက်ကိုယ့်ကိုစမ်းသပ်ပြီးသေချာပြီဆိုမှ ရိပေါ်ရဲ့အနီးအနားကပ်သည်မို့။

"သားးးထမင်းစားဖို့သား သူငယ်ချင်းကိုအောက်ခေါ်ခဲ့လေ"

တံခါးကိုခေါက်ရင်းမားမားကအသံပေးတယ်။အိပ်နေတဲ့အကောင်ပေါက်ကမျက်ခုံးတွေတွန့်ချိုးသွားတာကြောင့်လက်ကအလိုလိုနားတွေကိုပိတ်ပေးမိလျက်သား။မျက်ခုံးလေးတွေပြေလျော့ခါမှ ခြေသံဖွဖွနဲ့အခန်းတံခါးဆီပြေးကာ မားမားနားသွားရတယ်။

"ရတယ် မားးးသားဗိုက်မဆာသေးဘူးး"

"မင်းမဆာလည်းး မင်းသူငယ်ချင်းးး"

"ရှူးးးးးးရှုးးးမား ရိပေါ်အိပ်နေတယ်"

ရိပေါ်နိုးမှာကြောက်လို့သူကအသံတိုးတိုးလေးပြောပါတယ်ဆိုမားကအကျယ်ကြီးထအော်တော့ သူ့မှာမားပါးစပ်ကိုပိတ်လို့အမြန်တားရသည်။

"မားကိုကြိုမှမပြောတာ ဖယ်ဉီးး မား အိပ်နေတာလေးကြည့်ချင်လို့"

သူ့တစ်ကိုယ်လုံးကိုတွန်းတိုက်ပြီးမားကအခန်းထဲဝင်သွားတယ်။ရိပေါ်အိပ်နေတဲ့ကုတင်ဘေးနားဝင်ထိုင်ကာ ရိပေါ်ရဲ့ပါးလေးတွေကိုလက်ညိုးလေးနဲ့ထိုးကြည့်လိုက် ဖွဖွလေးလက်နဲ့ကိုင်လိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။

B O G(ZSWW)[Complete] Where stories live. Discover now