11(Z)

419 11 0
                                    

"ဝေ.... အင်းး...ဟောက်ရွှမ်း..."

"ဒီနေ့ ဆိုင်ကယ်ပြိုင်ပွဲ.....အေးး...ငါလာခဲ့မယ်..."

"ရိပေါ် ဆိုင်ကယ်ပြိုင်ပွဲလား ရှောင်းလည်းလိုက်ချင်တယ်"

"ဝမ် ဆိုင်ကယ်ပြိုင်ပွဲကအန္တာရယ်အရမ်းများတယ် မစီးသင့်ဘူးနော်.....ဝမ် သာတစ်ခုခုဖြစ်သွားရင် ငါသေလိမ့်မယ်"

ခေါင်းကိုခါရမ်းလို့ အတွေးထဲ ပြန်မြင်ယောင်လာတဲ့ပုံရိပ်ကိုဖျောက်လိုက်တယ်။ရှောင်းကျန့် အဲ့ဒီလူက သူ့ကိုစိုးမိုးလွန်းမနေဘူးလား။

"အွန်းးး သွား မယ်လေ ရှောင်း"

"ဟေ့ရောင် ပြိုင်ပွဲစတော့မယ် မင်းဘာလုပ်နေတာလဲ"

ပွဲစခါနီးနေပြီကို ထိုင်ခုံမှာပဲထိုင်ကာနေရာကမရွေ့လာတဲ့ရိပေါ်ကြောင့် ဟောက်ရွှမ်းလာသတိပေးရသည်။အပျော်တမ်း ပြိုင်ပွဲဆိုပေမယ့် စည်းမျဉ်းစည်းကမ်းကတော့ အပြည့်။

wechatထဲက စာလေးတစ်ကြောင်းကိုမျှော်နေတာဆို ယုံမလား။seenပြပေမယ့် ပြန်လာခြင်းမရှိတဲ့chatကဘာဖြစ်လို့လဲ...... ။

"ငါ အပျော်တမ်းဆိုင်ကယ် ပြိုင်ပွဲမှာရောက်နေတယ် "

လမ်းခွဲစကားပြောတာတောင်တုတ်တုတ်မလှုပ်လာတဲ့ရှောင်းကျန့်ကိုရိပေါ်တော်ရုံတန်ရုံအသည်းပေါက်သည်တော့မဟုတ်။အခုလည်း ဆိုင်ကယ်ပြိုင်ပွဲမှာရောက်နေတယ်ဆိုတာတောင် seenပဲပြပြီးreplyပြန်လာခြင်းမရှိ။လမ်းခွဲစကားပြောထားတာကိုယ်တိုင်ပေမယ့် ရှောင်းကျန့်ရဲ့ဂရုစိုက်မှုကိုခံချင်တာလည်း ဖျောက်လို့မရတဲ့အကျင့်လိုတောင်ဖြစ်နေလေပြီ။

ဖုန်းကိုပစ်ချလို့ ဆိုင်ကယ်ပေါ်ခွတက်လိုက်တယ်။ မင်း မပေါ်လာဘူးလားဆိုတာ ကြည့်ကြသေးတာပေါ့။
Helmetဆောင်းထားသည့်အထဲက ရိပေါ်ရဲ့မဲ့ပြုံးကို မြင်လျှင် ဒီဆိုင်ကယ်ပြိုင်ပွဲကို ဘယ်သူကပြိုင်ခိုင်းပါမည်နည်းးး။

Leverကို အတင်းဆွဲကာ သတ်မှတ်ထားသည့်ပြေးလမ်းတစ်လျှောက် ပြေးနေတဲ့ဆိုင်ကယ်လေးမှာ သတ်မှတ်ထားသည့်အချိန်ထက် ကျော်လွန်ပြီး မောင်းနေပေမယ့် လာတားမည့်လူမရှိ။

B O G(ZSWW)[Complete] Όπου ζουν οι ιστορίες. Ανακάλυψε τώρα