18(U)

1K 70 4
                                    

💮
ကျောင်းနောက်ဆုံးရက်

အလောတကြီးပြေးထွက်သွားတဲ့ကျောပြင်ငယ်ကိုဆွေးဆွေးမြည့်မြည့်စိုက်ကြည့်နေဆဲရှောင်းကျန့်ရဲ့ ပုခုံးကို အသာပုတ်ကာ အဆင်ပြေသွားမှာပါ ဆိုသည့်သဘောနှင့်ပိုင်ရှို့အသာဖိကိုင်ထားပေးလိုက်တယ်။

ပြန်ကြည့်လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းညိုညိုလေး
တွေမှာတော့ မျက်ရည်စလေးတွေနဲ့...

"ကျန့်"

"ပိုင်ရှို့"

"ငါ ဆုံးဖြတ်လိုက်ပြီ  ငါသွားမယ်  သူရှောင်းကိုချစ်တာလား ငါ့ကိုချစ်တာလား မသေချာသေးသ၍ငါနိုင်ငံခြားကပြန်မလာဘူး....တကယ်လို့....တကယ်လို့
သူ့ရွေးချယ်မှုကငါမဟူတ်ဘဲရှောင်းဖြစ်ခဲ့ရင်....... ငါ...တစ်သက်လုံးပြန်မလာတော့ဘူး"

".........."

ပိုင်ရှို့မှာပြောစရာစကားမရှိခဲ့......။မနှစ်သိမ့်ပေးတတ်လို့တော့မဟုတ်  ...ချစ်ရသူက တစ်ခြားတစ်ယောက်အတွက်ပူဆွေးနေတာကိုကိုယ်တိုင်မြင်နေရပြီး ရင်ကွဲလုမတက်ခံစားနေရတာမို့ ......

💮
"ဘာတွေအဲ့လောက်တွေးနေတာလဲ ဟင်"

မနေ့ညက ပိုင်ရှို့ပြောသည့်အကြောင်းအရာတစ်ချို့ကိုပြန်တွေးနေတုန်း ကျောဘက်ကပွေ့ဘက်မှုနဲ့နားထင်ကိုဖွဖွလေး လာထိကပ်တဲ့ ပူနွေးနွေးအထိအတွေ့လေး....။

"ရှောင်းကျန့်~"

"ပြောပါဗျ "

"ငါ့ကို ပြောပြပါလား"

"ဘာကို.."

"ငါနဲ့ရှောင်းနဲ့ ကိစ္စကို မင်းဘယ်လိုသိသွားတာလဲ"

ပုခုံးပေါ်ကို မှေးတင်
ထားသည့်ရှောင်းကျန့်က ခေါင်းလှည့်ပြီး ရိပေါ်ရဲ့ပါးဖောင်းလေးကို နမ်းပြန်သည်။

"ပြီးပြီးသားတွေလေ အသည်းရဲ့ ဘာလို့သိချင်ရတာလဲ"

"...."

မျက်စောင်းနဲ့တစ်ချက်အနောက်ကိုလှည့်ကြည့်ပေးတော့ ပိုပြီးတင်းကြပ်လာတဲ့လက်တွေနဲ့ လေငွေ့နွေးနွေးကရိပေါ်ရဲ့လည်ဂုတ်ထက်မှာ....

"ဝမ့် ကို သူငယ်ချင်းစလုပ်မလားလို့မေးတဲ့အချိန်ကတည်းက"

"ဘာလို့လဲ...."

B O G(ZSWW)[Complete] Where stories live. Discover now