27(U)

1K 68 6
                                    

ဆေးရုံကုတင်ထက် ဟိုဘက် ဒီဘက် ဖြူဖြော့စွာလှဲလှောင်းနေကြသော လူနှစ်ယောက်တွင် တစ်ယောက်ကခေါင်းနှင့်ခြေထောက်တွင်ဘပတ်တီးစီးထားပြီး ကျန်တစ်ယောက်ကoxygenပိုက်ဖြင့်အသက်ရှုနေရသည်။

ကိုယ်တန်ဖိုးထားသည့်လူနှစ်ယောက်အားဆေးရုံကုတင်ထက်တွင် ဤကဲ့သို့ယှဉ်တွဲတွေ့နေရသည်မှာ ဘယ်လိုဝဋ်ဒုက္ခမျိုးလို့ ရှောင်းရှန်းဖြေသိမ့်သင့်သလဲမတွေးတတ်။

ရှောင်းငယ်အား ရေစိုဝတ်နှင့်သန့်ရှင်းပေးပြီးသည်နှင့် ရိပေါ်ကုတင်ဆီ လျှောက်လာခဲ့သည်။ဖြူနုနုလက်ဖဝါးခပ်ကြီးကြီးတွေဆီ လက်လေးတွေယှက်လို့ ပါးမှာအပ်ထားရင်းရိပေါ်မျက်နှာလေးကိုတစိမ့်စိမ့်ထိုင်ကြည့်ဖြစ်တယ်။ဒါဒီနှစ်လအတွင်း ရှောင်းရှန်းလုပ်ဖြစ်တဲ့ အလေ့အကျင့်တစ်ခု ပိုင်ရှင်မနိုးတုန်းလေးသူထိခွင့်ကိုင်ခွင့်ရတာမို့အ
ပြည့်အဝကိုအခွင့်အရေးယူချင်ပါသည်။ဟူတ်တယ်.... နှစ်လ နှစ်လတောင်ရှိပြီ ရိပေါ်ရောရှောင်းငယ်ရော အခုလိုလှဲနေတာ.....

"ပိုင်ရှင်ရှိမှန်းသိရက်နဲ့မြတ်နိုးနေမိတဲ့ ရှောင်းကဆိုးတယ်မလားဟင် ရိပေါ်..... "

"ရှောင်းသိပါတယ် ဟင့်.....ရိပေါ်ရှောင်းကိုမချစ်တာ ဒါပေမယ့် ရှောင်းကရိပေါ်ကိုချစ်သေးတယ်လေ......ရှောင်းလေ တစ်ခါခါဆို အတ္တကြီးပစ်ချင်တယ် သိလား "

ပါးဆီအပ်ထားတဲ့ လက်လေးများး တဖြည်းဖြည်း လှုပ်ရွလာတာကြောင့် ရှောင်းရှန်း ကုတင်ခေါင်းရင်းက ခလုပ်လေးကိုနှိပ်ပြီးဆရာဝန်တွေကိုအ​ေကြာင်းအမြန်ကြားလိုက်သည်။

"ဆရာ....သူ...သူ လက်လေးတွေလှုပ်လာတယ်...."

ဆရာဝန်ကရိပေါ်ရဲ့မျက်လုံးကိုဖြဲကာဓာတ်မီးနှင့်စမ်းတယ်။နောက်နှလုံးခုန်သံမှန်မမှန်ကိုစမ်းသပ်ပြီးနောက် ရှောင်းရှန်းကိုပြုံးပြုံးကြီးကြည့်ကာ

"ဂုဏ်ယူပါတယ်ဗျာ လူနာ သတိရလာပြီ"

မကြာခင်မှာပဲမျက်စံလေးတွေလှုပ်လီလှုပ်လဲ့ဖြစ်လာသည့်ရိပေါ်က တဖြည်းဖြည်းမျက်လုံးလေးတွေပွင့်လာသည်။

"လူနာ ရိပေါ်......သတိရလာတာ ဝမ်းသာပါတယ်ဗျာ"

"ရေ~~ရေ သောက်ချင်တယ်"

B O G(ZSWW)[Complete] Where stories live. Discover now