20(U)

993 71 1
                                    

💮
ရာသီဉတုက ရှောင်းကျန့်နဲ့ကွဲပြားစွာအတော်ကို ကြည်ကြည်လင်လင် သာယာနေသည်။ပြတင်းပေါက်ဘက် မျက်နှာမူလို့ မှောက်အိပ်လိုက်တယ်။

ဒီနေ့လည်း ဝမ့်ကို လွမ်းခြင်းနဲ့ပဲ သူ့တစ်နေ့တာ ကစတယ်.......
ဝမ်ရယ်လေ နေနိုင်ရက်လေခြင်း သူမရှိတော့ဘူးဆိုတာများ သိရောသိပါရဲ့လား..

ပါးရဲ့စနပ်ကြောင့် ဒီကိုလာခဲ့ရတာမှန်ပေမယ့် သူကိုယ်တိုင်လည်း ဝမ့်ရဲ့ဘေးနားကခနလောက်ဖြစ်ဖြစ် ထွက်ပြေးနေချင်မိတာကြောင့်လည်းပါသည်။ဝမ့်ကိုမချစ်လို့မဟုတ် မွန်းကြပ်လို့ မွန်းကြပ်လွန်းလို့ပါ ရှောင်းနှစ်ယောက်ကြားဗျာများနေတဲ့ ဝမ့်ကို ကြည့်ရင်းသူမွန်းကြပ်လာရလို့...
ရှောင်းနှစ်ယောက်ကြားဗျာများတယ်ဆိုတာထက် ဝမ်က ရှောင်းရှန်းကိုချစ်တာပါ... သူ့ကိုအစားထိုးခဲ့ရုံ.......ဒါကို သိသိရက်နဲ့ နစ်နစ်နဲနဲ ဝမ့် ဆီ ခုန်ပစ်ဝင်ခဲ့တာ သူကိုယ်တိုင်ပဲလေ.... နာကျင်ရမယ်မှန်းသိလည်း ဝမ့်ဘေးမှာ ရရင် ရသလိုနေချင်မိတဲ့အတ္တလေးကြောင့် နာကျင်ခံပြီး တိုးဝင်ခဲ့တာ....တကယ်တမ်းနာကျင်ရရော နှလုံးသားကခံနိုင်ရည်မရှိပြန်တော့ ဝမ့်ဘေးနားကထွက်ပြေးမိတာ ကိုယ်တိုင်ဖြစ်နေပြန်ရော

"Hey!!Sean"

"Are you Ok??"

ရှေ့တန်းတွင်ထိုင်တဲ့ Gahi ဆိုသည့်ကောင်မလေးက အနောက်ကိုလှည့်ကြည့်ရင်း ရှောင်းကျန့်ကိုမေးသည်။
ရှောင်းကျန့် ခေါင်းသာ တစ်ချက်ညိမ့်ပြပြီး ပြတင်းပေါက်ဘက် ပြန်ခေါင်းမူနေလိုက်သည်။အခု ဘယ်သူ့ကိုမှဖော်ဖော်ရွေရွေစကားပြောချင်စိတ်ရှိမနေဘူး.....

ဝမ်စိတ်အဆင်သင့်ဖြစ်တဲ့အချိန်မဟုတ်ဘဲ ငါ့စိတ်အဆင့်သင့်ဖြစ်ရင် မင်းအနားသေချာပေါက်ရောက်အောင်ပြန်ခဲ့မယ် ဝမ်
💮

"23ရက်နေ့ ရန်ဟွေ့မွေးနေ့ရှိတယ် ရိပေါ် "

"အင်းးးကျွန်တော်သိတယ် မွေးနေ့လက်ဆောင်က ရှောင်းပဲပြင်လိုက်နော်"

ကွန်ပြူတာ အနှိပ်မပျက် အကြည့်မပျက်ဘဲ ရှောင်းရှန်းကိုပြန်ပြောနေတဲ့ကောင်လေးက ဘာတွေအဲ့လောက်ရိုက်နှိပ်နေလဲမသိ....

B O G(ZSWW)[Complete] Where stories live. Discover now