28(Z)

395 14 0
                                    

နမ်းနေရင်းမှရုတ်တရပ်ကြားယောင်လာတဲ့အသံများနဲ့ ထိုလူရဲ့သွေးသံတရဲရဲ ပုံကိုမြင်ယောင်လာသည်။ထိုလူ့ပုံကိုမြင်လိုက်သည်နှင့် ရုတ်ချည်းအားများစုပ်ယူခံရသလို တစ်ကိုယ်လုံးတုန်ရီလာပြီး မတ်တပ်ရပ်ဖို့ပင်အားမရှိတော့။တုန်ရီနေတဲ့ခြေထောက်ကိုထိန်းရန် ဘေးနားရှိ စားပွဲကိုအားယူကိုင်လိုက်သည်။

စားပွဲပေါ်တွင် မှန်ဘောင်လေးသွင်းထားသည့် ဓာတ်ပုံလေးတစ်ပုံ 6နှစ်အရွယ်ကလေးတစ်ယောက်ကသူ့ထက်အနည်းငယ်ငယ်ပုံပေါ်သည့်ဝကစ်ကစ်ကလေးလေးတစ်ယောက်၏ပါးကို အားရပါးရနမ်းနေပြီး ကလေးငယ်လေးက သွားလေးနှစ်ချောင်းပေါ်အောင်ရယ်နေသည်။

ဓာတ်ပုံထဲကပါသည့် ကလေးလေးကိုမြင်ဖူးသလိုဖြစ်တာကြောင့် ဓာတ်ပုံဘောင်လေးကိုယူကြည့်လိုက်မိသည်။

"ကို~ကိုကို"

"မား......ဒီတစ်ယောက်က ဘယ်သူလဲဟင်"

Album လေးတွေကိုမွှေရင်းနဲ့ ယုန်သွားနဲ့ကိုကိုတစ်ယောက်က သူ့ကိုချီထားသည့်ပုံကို တွေ့သည်။ဘယ်သူလည်းမသိပေမယ့် ဒီကိုကိုရဲ့အပြုံးတွေက တကယ်ကိုလှတာ ယုန်ge geနဲ့ရိုက်ထားတာ တစ်ပုံမကအများကြီး ရှိနေတာမို့ ဘေးနားတွင်ထိုင်ကာ ချည်ထိုးနေသော မားကိုပုံအား လက်ထောက်ရင်းမေးလိုက်သည်။

"သား မမှတ်မိတော့ဘူးပေါ့ ရှောင်းလေးကို"

"ရှောင်းလေး..."

"သားငယ်ငယ်တုန်းက ကစားကွင်းမှာပျောက်သွားဖူးတယ်လို့မားပြောပြဖူးတယ်မလား"

"ဟူတ်"

"အဲ့တုန်းကလေ သားကို ရှောင်းလေးဆီမှာပြန်တွေ့တာ"

" သားကဘယ်လိုလုပ် ဒီကိုကိုဆီရောက်နေတာလဲဟင် မား"

"ရှောင်းလေးတို့ကစားကွင်းထဲ ဆော့နေတုန်း သားကအာပြဲကြီးနဲ့အော်ငိုနေလို့ ရှောငျးလေးတျု့ချေါထားတာတဲ့"

"အခု ဒီကိုကိုကဘယ်မှာလဲဟင်"

"မားလည်းမသိပါဘူး မားတို့လော့ရန်ကအမျိုးတွေဆီ ခနအလည်သွားတုန်း ရှောင်းလေးတို့နဲ့တွေ့တာဆိုတော့"

အဲ့ကတည်းကစ ဝမ်ရိပေါ်ရဲ့စိတ်ထဲမှာ ယုန်သွားနဲ့ကိုကိုဆိုတာ တဖြည်းဖြည်း နေရာယူလာခဲ့တာ ပါးနဲ့မား မဆုံးခင်အချိန်ထိ ။တစ်နေ့တော့ ကိုကို့ကိုအပြင်မှာ သေချာပေါက်တွေ့ရမယ်ဆိုသည့် ရည်မှန်းချက်လေးကို လက်ကိုင်ထားပြီး အလယ်တန်းပထမနှစ်နွရောသီမှာ လော့ရန်ကိုအလည်သွားမည်လို့ မားတို့ပါးတို့နဲ့ကတိပေးထါးသည်။ဟီးဟီးး ကိုကိုကအရမ်းခင်ဖို့ကောင်းလောက်တယ်....။
ဒါနဲ့ သူ့ကိုတွေ့ရင်ရော မှတ်မိပါ့မလား....

B O G(ZSWW)[Complete] Where stories live. Discover now