24(Z)

353 14 0
                                    

"ဟဲ့ ဟဲ့ ဒီမှာ Seanနဲ့ CEO ဝမ်တို့ကတွဲနေကြတာလားတဲ့ "

ယနေ့မနက်ပိုင်းweibo hot search တွင် Seanနှင့်CEO ဝမ်တို့တွဲနေကြတာလားဆိုသည့် ခေါင်းစဉ်နှင့်မနေ့ညကရန်ဟွေ့မွေးနေ့အတွင်းအပြင်ဓာတ်ပုံများအပါအဝင်
ပလူပြန်အောင်
Trending No1ဝင်နေတော့သည်။

"ဒါဆို ငါတို့တော့ရှပြီပေါ့....."

"ယောကျာ်းအချင်းချင်းကြီလား "

"ပျော်စရာဟေးးးး ငါshipတဲ့cpက szd.....အားးးးပျော်လိုက်တာ"

စသည့် စသည့် comပေါင်းများစွာ နဲ့အတူ လူအများရဲ့ ဝေဖန်ချက်ကိုလည်း ခံရသည်။

"ကျစ် ခေါင်းကိုက်လိုက်တာ......"

ကျစ်စုတ်သတ်ရင်း ခေါင်းကိုနှိပ်နယ်ကာ ထထိုင်လိုက်သည်။ခေါင်းကိုတူနဲ့ရိုက်နေသလို တဆစ်ဆစ်နဲ့ကိုက်တာ......မနေ့ညကသူအတော်များသွားပုံ......

"အသည်း နိုးပြီလား......"

စတီးဗန်းလေးတစ်ခုကိုင်ကာ ဝင်လာသည့်ရှောင်းကျန့်က ကုတင်ဘေးကိုဖင်တစ်လွှဲထိုင်ရင်း ရိပေါ်ကိုမေးသည်။ ပြီးနောက် ဗန်းကို ကုတင်ဘေးကစားပွဲပေါ်တင်ကာ ပန်းကန်လုံးကိုယူ၍ တဖူးဖူးနဲ့မှုတ်နေသေးသည်။

"အာ...."

တအာအာလုပ်ကာ ကလေးတမင်းကျွေးသလို လုပ်နေသောရှောင်းကျန့်နေရာမှာ တဖြည်းဖြည်းဝိုးတဝါးနှင့် ကုတင်ပေါ်တွင် နွမ်းလျစွာထိုင်နေသည့်ရှောင်းကျန့်နဲ့ကုတင်ဘေးကခုံပေါ်တွင်ထိုင်ကာ စွပ်ပြုတ်တိုက်နေသော ပိုင်ရှို့......လှမ်းနေသည့်ရှောင်းကျန့်လက်ကိုပုတ်ထုတ်လိုက်သည်

ခွမ်း!!!!!

မုန်းတယ်.... ရှောင်းကျန့်ကိုတစ်ခြားသူတွေနဲ့တွဲမြင်ရတာကိုမုန်းတယ်။

"အ!!"

ဖြည်းဖြည်းလေးပုတ်ထုတ်လိုက်ပေမယ့် ပန်းကန်လုံးပါပြုတ်ကျသွား၍ ပူနွေးနွေးစွပ်ပြုတ်ရည်တွေက ရှောင်းကျန့်၏ လက်ဖမိုးတစ်လျှောက် ပူကုန်သည်။ပူနွေးနွေးဆိုပေသည် အနည်းငယ်ကိုင်လို့ရသည့်အနေအထားတွင်သာရှိသေး
သည်မို့ လက်ဖမိုးတစ်လျှောက်နီတက်လာလေသည်။

B O G(ZSWW)[Complete] Where stories live. Discover now