6(U)

1K 88 1
                                    

"ဝမ်........ဒီမှာ မင်းကြိုက်တဲ့ ပေါက်စီ..

"အင်းးကျေးဇူးပဲ"

ဖုန်းကိုသဲကြီးမဲကြီးကြည့်နေတဲ့ရိပေါ်ကသူ့ကိုမကြည့်ပဲ ပြန်ဖြေ၏။

"ဘာလုပ် နေတာလဲ"

ခေါင်းစောင်းပြီးရိပေါ်ရဲ့ဖုန်းကိုကြည့်မယ်လုပ်တော့ ဖုန်းကိုဘောင်းဘီအိတ်ထဲအမြန်ထည့်လိုက်သည်။

"အာ....ဘာမှမဟူတ်ဘူးး "

ရှောင်ကျန့်ပြုံးရုံသာတက်နိုင်ခဲ့တယ်။ဝမ်ဟာလေ တကယ်သူ့ကိုမယုံကြည်သေးဘူးး။

"ဝမ် စာမေးပွဲဖြေပြီးကျောင်းပိတ်ရင် ဘာလုပ်မယ်စိတ်ကူးထားလဲ"

နူတ်ခမ်းမှာပေနေတဲ့ပေါက်စီအမှုန့်လေးတွေကိုလက်မလေးနဲ့သုတ်ပေးရင်းမေးတော့ မျက်လုံးလှန်ကြည့်လာတယ်။

"ရှောင်း ကရော"

"မားက ချုံချင်က အမျိုးတွေဆီ တစ်လလောက်ပြန်နေမယ်လို့ကြားတယ် "

"မင်းရောသွားမှာလားးး"

"အင်းးမိသားစုလိုက်ပြန်ကြမှာလေ...."

မျက်နှာလေးညိုးငယ်သွားတဲ့ဝမ်ကြောင့်ရှောင်းကျန့်မှာအမြန်ပြန်ရှင်းရတယ်။

"ဟို....ဝမ်ကမလိုက်စေချင်ရင် ငါမလိုက်သွားတော့ဘူးး ဒါမှမဟူတ် ဝမ်ရောလိုက်ခဲ့ပါလားး"

"ဟင့်အင်းးး ရတယ် သွားပါ ငါကအဆင်ပြေတယ်"

************************************
"ဝမ် ငါညတိုင်းအချိန်မှန်ဖုန်းဆက်မယ်နော် အပြင်လည်းလျှောက်မသွားနဲ့ ရန်လည်းမဖြစ်နဲ့ အစားကိုမှန်အောင်စားး ...ပြီးတော့ နွေရာသီပူတယ်ဆိုပြီးရေခနခနမချိုးနဲ့အပူ....."

"ငါကလေးမဟုတ်တော့ဘူးးး ကိုယ့်ကိုယ်စောင့်ရှောက်နိုင်တယ်"

"သားရေ ပြီးပြီဆို သွားရအောင် အချိန်လင့်နေလိမ့်မယ်"

မားမားကလှမ်းအော်နေပေမယ့် သူတကယ်ရိပေါ်လက်ကိုမလွှတ်ချင်...

ရိပေါ်ကဖမ်းဆုပ်ရခက်တဲ့တိမ်စိုင်လေးလိုလူမို့လို့သူလွှတ်လိုက်တာနဲ့ ပျောက်သွားမှာကြောက်တယ်

"ဝမ်............ချစ်တယ်....."

"........."

"ငါကဝမ့်ကို မြတ်နိုးပြီးချစ်တာမလို့ ဝမ်ကလည်း ငါ့ကိုပြန်ချစ်ပေးရင်ကောင်းမှာပဲ"

B O G(ZSWW)[Complete] Donde viven las historias. Descúbrelo ahora