14(Z)

421 11 0
                                    

August 5,2022

"Hello သာ့ကျားဟောင် ဒီနေ့တော့ talk to showအစီအစဉ်မှာ အားလုံးမျှော်လင့်နေကြတဲ့ လူတစ်ယောက်ကိုဖိတ်ခေါ်ထားပါတယ် ဘယ်သူလို့ထင်ကြသလဲ"

Cafeဆိုင် TVကနေလာနေတဲ့talk to showဆိုသည့်အစီအစဉ်ကို cafeသောက်နေရင်းကနေ ရိပေါ်တစ်ချက်လှမ်းကြည့်လိုက်သည်။talk to showဆိုသည့်ခေါင်းစဉ်နဲ့ အဖြူရောင် ကိုယ်ကျပ်အကျီဝတ်ထားတဲ့ကောင်မလေးက တင်ဆက်နေသည်။တစ်ချက်သာကြည့်ပြီး
အကြည့်တွေကိုTVဆီကခွာကာ လက်ထဲကဖုန်းကိုပဲ အာရုံပြန်စိုက်လိုက်တယ်။တင်ဆက်သူကတော့ ပြုံးပြုံးကြီး တင်ဆက်စရာရှိတာတွေကိုတင်ဆက်နေတုန်း..

သတင်းတင်ဆက်နေတဲ့ presenter မလေးကလက်တစ်ဖက်ကိုနားနားထားကာ ပရိတ်သတ်တွေရဲ့အသံကိုနားထောင်သလိုလုပ်တယ်။live showဖြစ်တာကြောင့်လူတွေရဲ့အသံတွေက ဟိုတစ်စ ဒီတစ်စ....ပြီးနောက်presenterမလေးကပြုံးကာမတ်မတ်လေးပြန်ပြင်ထိုင်သည်။

"ကဲ...ဒါဆို အားလုံးပဲ သိချင်နေကြပြီလို့ထင်ပါတယ် သူကတော့ အားလုံးစောင့်မျှော်နေကြတဲ့ အခုလတ်တလောစီးပွားရေးလုပ်ငန်းရှင်တွေကြားထဲ နာမည်ကြီးနေတဲ့ Sean! !"

Seanဆိုတာနဲ့ အကြည့်တွေကTVပေါ်တန်းရောက်သွားသည်။
စီးပွားရေးလုပ်ငန်းစုကြီးရဲ့ Kingလို့တင်စားခံရလောက်အောင် အလုပ်လုပ်သည့်နေရာမှာစေ့စပ်လွန်းတဲ့ Seanကိုဘယ်သူမှမမြင်ဖူးကြပေ။အခု ဘာလဲ Seanကလူလုံးထွက်ပြတာလားး...

"ရိပေါ် ဘာတွေအဲ့လာက်စိတ်ဝင်စားနေတာလဲ"

"ဒီအတိုင်း....."

"ဟဲ့ ဟဲ့ Seanကအချောလေးဟ အချောလေးး"

ရှောင်းမေးတာကိုပြန်ဖြေရင်းTVကိုအကြည့်လွှဲလိုက်မိတဲ့ တစ်ခန ဘေးဝိုင်းကကောင်မလေးတွေရဲ့အသံကြောင့်TVကိုအကြည့်ပြန်ပို့ရတယ်။TV screenပေါ်က မျက်လုံးတွေမှေးစင်းအောင်ပြုံးရယ်နေတဲ့လူ ၊နူတ်ခမ်းအောက်ကမှဲ့နက်လေးနဲ့လူ ၊ယုန်သွားတွေပေါ်အောင်ရယ်နေတဲ့လူ အဲ့ဒီလူ အဲ့ဒီလူက သေချာပါတယ် သူ့ရဲ့ရှောင်းကျန့်။

အတားအဆီးမရှိ ဖိတ်မခေါ်ပါဘဲ ကျရောက်လာတဲ့မျက်ရည်စက်တွေကို မဖယ်ထုတ်မိဘူး လွတ်လပ်စွာကျဆင်းပါစေ။ဒီနေ့ကလွှဲလို့ ငိုရမယ့်အကြောင်းပြချက် မရှိတော့ဘူးလေ။

B O G(ZSWW)[Complete] Where stories live. Discover now