"Happy Birthdayရန်ဟွေ့ မွေးနေ့မှာပျော်ရွှင်ပါစေ"
မွေးနေ့လက်ဆောင်ကမ်းရင်းဆိုတော့ ရန်ဟွေ့ကအပြုံးနုနုနဲ့တုံ့ပြန်ကာ ဘေးဘီဝဲကြည့်ရင်း
"ကျေးဇူးပဲ ရှန်း ဒါနဲ့ ရိပေါ်ရော "
"လာလိမ့်မယ် ရှောင်းကျန့်နဲ့စိတ်ကောက်နေလို့"
"အော် ဟုတ်လား ရှန်းရော...."
"ဟမ်!!ဘာကိုရှန်းရောလည်းလဲ"
"ရှန်းရော စိတ်မကောက်ချင်ဘူးလားလို့"
ပြာနုရောင် suiteကိုဝတ်ဆင်ထားပြီး ရှန်းဘေးနားကပ်လို့ ပြီတီတီပြောနေပုံကိုက တကယ်ဆွဲဆတ်လုပ်လိုက်ချင်စရာ....ဆွဲကုပ်ချင်စရာလို့ပြောပါတယ်....ဟင်းးးး ဟိုတစ်ခါရိပေါ်နဲ့ပတ်သတ်လို့ရင်ဖွင့်ပြီးကတည်းက အရင်ကနဲ့မတူ ခြားနားလာတဲ့ရန်ဟွေ့ရဲ့အပြုအမူတွေကြား အနည်းငယ်ရင်ခုန်မိသလိုရှိပေမယ့် ရိပေါ်ကိုတော့မမေ့ပစ်နိုင်သေး...... ရိပေါ်ကအချစ်ဉီးနဲ့အချစ်ဆုံးဖြစ်ခဲ့သကိုးး ဒီကလေးကြောင့်သူစွန့်လွှတ်ခဲ့ရတာများပေမယ့်လည်း ဒီကလေးကြောင့်ပဲသူခိုကိုးရာမဲ့နေတဲ့အချိန် အားကိုးရာရင်ခွင်ရခဲ့တာမဟုတ်လားး
"ရှန်းးးစိတ်ဆိုးသွားတာလား"
အတွေးလွန်နေမိတဲ့တစ်ခနလေး မျက်နှာငယ်လေးနဲ့ထိုစကားမေးလာသည်။
"မဆိုးပါဘူး "
"မသိပါဘူး ငါ့ကိုများစိတ်ဆိုးသွားတာလားလို့"
"မဆိုးပါဘူးဆို ကဲ မွေးနေ့ရှင်ကြီး ကျွန်တော်မျိုးနားပဲနေမနေနဲ့ ဟိုမှာလာတဲ့ဧည့်သည်တွေကို သွားနူတ်ဆက်ဉီး"
"အင်းး ရှန်းရောလိုက်ခဲ့ပါလား "
"ဘာလုပ် ဖို့လဲ"
"တစ်ခါတည်းဆွေးပြမျိုးပြ ဖြစ်အောင်"
"မင်း....."
"သွားလိုက်ဉီးမယ် ဟိုမှာလှမ်းခေါ်နေပြီ ဟဲ ဟဲ"
စကားဖြတ်ပြောကာ အမြန်ပြေးသွားတဲ့ရန်ဟွေ့က သူဆူဆဲမှာတော့ ကြောက်သည်...နေနှင့်ဉီးပေါ့ကွာ
"ကိုယ်ပြောချင်တာ အဲ့လိုမဟုတ်ဘူးလေကွာ"
"..........."
YOU ARE READING
B O G(ZSWW)[Complete]
Fanfictionရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပဲ။ ZSWW//🐰🦁