5(U)

1.1K 90 2
                                    

"ရိပေါ်..... ငါမင်းကိုဝမ်လို့ခေါ်လို့ရမလားး"

မျှော်လင့်တကြီးကြည့်နေတဲ့အရည်တွေလဲ့နေတဲ့မျက်ဝန်းတစ်စုံ ၊နှာတံစင်းစင်း ၊ဇင်ယော်လိုမျက်ခုံးမွှေး၊ပြီးး နူတ်ခမ်းအောက်ကမှဲ့နက်လေးးနဲ့ ဒီလူကပြည့်စုံတာထက်ကိုပိုတယ်ဆိုတာတကယ်ညာပြောတာမဟုတ်။

"ဒီဟာကမွေးရာပါလား"

နူတ်ခမ်းအောက်ကမှဲ့နက်လေးကိုဖွဖွလေးထိလို့ ရိပေါ်ကမေးတယ်။

"အင်း ဘာဖြစ်လို့လဲ"

"ငါသဘောကျတယ်......... မင်းရဲ့ ဒီမှဲ့လေးကို.......အရမ်းး"

မျက်လုံးကိုသေချာစိုက်ကြည့်ပြီးပြောနေတာကြောင့်ရှောင်းကျန့်မှာမလုံမလဲ အရှက်တွေသည်းရပြန်သည်။တဖြည်းဖြည်းနဲ့နီးကပ်လာတဲ့ခေါင်းလုံးလုံးလေးကဘာလုပ်မယ်မှန်းသိလို့ ခေါင်းစောင်းလို့ရှောင်လိုက်တယ်။အခုကစာသင်ခန်းထဲမှာမလားး။မတော် သူများတွေမြင်သွားရင်မကောင်းဘူးလေ။

မျက်ခုံးတွေတွန့်ချိုးသွားတဲ့ရိပေါ်ကသူရှောင်လိုက်တာကိုမကြိုက်ဘူးထင်။ဘယ်လိုပဲဖြစ်ဖြစ်လေ အခုကofficialတွဲလို့အဆင်မပြေပေ။တစ်ယောက်ယောက်ကများသာ သူတို့နှစ်ယောက်နမ်းနေတဲ့ပုံကိုကျောင်းရဲ့pageမှာတင်လိုက်ရင် ပြဿနာအကြီးကြီးတက်သွားနိုင်သည်။

"ဟို...ရိပေါ်....စိတ်မဆိုးပါနဲ့....မင်းနမ်းချင်ရင် ကျောင်းဆင်းတဲ့အချိန် နမ်းလို့ရပါတယ် အခုက အဆင်မပြေလို့"

ထိုအခါမှမျက်ခုံးတွေပြေလျော့လာတယ်။ပြီးနောက်နီးကပ်နေတဲ့မျက်နှာကိုခွာလိုက်ကာ ခုံပေါ်ကိုလက်တစ်ဘက်မှေးထောက်ပြီးး သူ့ကိုသေချာကြည့်နေသည်။

"ခေါ်လို့ရတယ်...."

"ဟမ်!"

"မင်းးငါ့ကိုဝမ်လို့ခေါ်လို့ရတယ်"

ပြတင်းပေါက်ကနေဆစ်ဆင့်ဝင်နေတဲ့လေလေးကြောင့်
ရိပေါ်ရဲ့တစ်ချို့ဆံပင်တွေကတလွှင့်လွှင့်...ရှောင်းကျန့်ရဲ့နှလုံးသားကလည်းတဒုတ်ဒုတ်......သေချာပါတယ် ရိပေါ်ကရှောင်းကျန့်နှလုံးသားတစ်ခုလုံးရဲ့ပိုင်ရှင်ဆိုတာ။
************************************
In NewYork

B O G(ZSWW)[Complete] Where stories live. Discover now