8(U)

1K 75 0
                                    

ဒီနေ့ကကျောင်းပိတ်ရက်မို့ရှောင်းကျန့်ရဲ့အိမ်တွင် သောင်တင်နေခြင်း။မားကတော့ မနက်ကတည်းကသူ့သူငယ်ချင်းအိမ်သွားမယ်ဆိုပြီးအခုထိပြန်မလာသေး။ပါးကတော့ ထုံးစံအတိုင်း companyမှာ။စိတ်လေလေနဲ့ ဂိမ်းဆော့နေသည့်ဝမ်ကိုကြည့်လိုက်တယ်။

"ဝမ် မင်းငါ့ထက်အရင်တွဲခဲ့ဖူးတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ"

ဂိမ်းဆော့နေတဲ့ ရိပေါ်က သူ့ကိုမျက်လုံးလှန်ကြည့်တယ်။

"ဘာလို့လဲ...."

"ဒီအတိုင်းငါသိချင်လို့...."

"မသိချင်နဲ့ သိလို့ကောင်းတဲ့အရာမဟူတ်ဘူး"

"ငါကသိချင်တယ်လေ..."

"သိလို့ကောင်းတဲ့အရာမဟူတ်ဘူးလို့"

ဘောက်ဆတ်ဆတ်နဲ့ရိပေါ်က သူ့ကိုကျောပေးလို့တစ်ဖက်ကိုလှည့်ထိုင်ကာ
ဂိမ်းဆက်ဆော့နေတယ်။

မင်းငါ့ကိုဒီထက်ပိုပွင့်လင်းရင်ကောင်းမယ် ဝမ်.......ဝမ်ကလေသူ့ကိုချစ်လား..ဆိုတော့လည်းမဖြေ ။တစ်ခြားမိန်းကလေးယောကျာ်းတွေနဲ့ရှောင်းကျန့်ကိုတွဲတွေ့ရင် စိတ်တိုအူပုတ်တတ်ပေမယ့် ဝမ်ကိုယ်တိုင်ကျ ဖုန်းတစ်လုံးနဲ့ အလုပ်ပတ်ရှုပ်နေတတ်တယ်။ ဝမ်ရဲ့ဖုန်းကိုဆို ထိလို့တောင်မရ ဖုန်းကိုထိရင်ဝမ်ကအရမ်းစိတ်ဆိုးတာ။

အထက်တန်းနောက်ဆုံးနှစ်ရောက်လာမှ ဝမ်နဲ့သူ့ရဲ့ကြားက ဆက်ဆံရေးပိုကျဲသွားသလို အရင်ကဆို ဘယ်နေရာသွားသွားတပူးပူးတတွဲတွဲနဲ့မလို့ သူများတွေအားကျစရာအတိ။အခုဆို တစ်ခါလေးဆုံဖို့အရေးတောင် ဝမ့်မှာမအားလပ်နိုင်။

ရှောင်းကျန့်မျက်နှာမသာမယာဖြစ်နေသည်ကိုရိပ်မိလို့ထင် ဂိမ်းဆော့နေတာရပ်လိုက်ပြီး
မတ်တပ်ရပ်ကာရှောင်ကျန့်ရှေ့ရပ်လို့ လက်ကမ်းပေးတယ်။

"မျက်နှာကမသာမယာနဲ့ လာ ကျောင်းရှေ့ကစွပ်ပြုတ်ဆိုင် ဖွင့်တယ်ထင်တယ် သွားစားရအောင်"

"......."

"မျက်စောင်းနဲ့ကြည့်မနေနဲ့ လာသွားမယ်"

📲📲📲📲

"ခနနော်.... "

"အင်း"

B O G(ZSWW)[Complete] Where stories live. Discover now