21(U)

890 68 0
                                    

"ရှောင်းကျန့်"

"ဗျာ...ပြောပါ...အသည်း"

"ငါ့ကိုလေ canola ပန်းခင်းကြီးဆီခေါ်သွားပါလားဟင်"

ရှောင်းကျန့်ရဲ့ပေါင်ပေါ်ခေါင်းအုံးအိပ်ရင်းရိပေါ်ကဆိုတယ်။ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ရိပေါ်ရဲ့နဖူးပေါ်ကဆံပင်များကိုသပ်တင်ပေးလို့
အနမ်းဖွဖွလေးပေးလိုက်သည်။

"လိုက်ပို့ပေးမှာပေါ့ အသည်းရဲ့ ဘယ်နေ့သွားချင်လည်းပြော...."

"အင်းးးးးးအခု"

အစကစဉ်းစားသယောင်လုပ်ပြီးမှကမန်းကတန်းထကာ အခုလို့ဆိုပြန်တော့ ရှောင်းကျန့်မှာ အသည်းတယားယားဖြစ်ရပြန်........

"ကောင်းပါပြီဗျ သခင်လေးသဘောအတိုင်း"

————☘

ပျံ့လွင့်လာတဲ့ canolaနံ့သင်းသင်းလေးနဲ့အတူ ရှောင်းကျန့်ရဲ့ကိုယ်သင်းနံ့သင်းသင်းလေး .....လေထိပ်မှာရပ်လို့ မျက်စိမှိတ်ကာ လတ်ဆက်သည့်လေကိုရှူနေပုံက မျက်စိလွှဲချင်စရာမရှိ....ပိရိသေ သပ်လွန်းတဲ့ jawlineက ရှောင်းကျန့်ကို ဘေးတစ်စောင်းကြည့်မိသူတိုင်း ချီးကျူးချင်စရာ မှိတ်ထားသည့် ဇာမဏီလိုမျက်ဝန်းလေးတွေကလည်း ရှောင်းကျန့်ရဲ့ဖွဲ့မကုန်တဲ့အလှတွေထဲကတစ်ခုပေါ့......

"ရှောင်းကျန့်!!!"

လက်နှစ်ဖက်ကိုပါးစပ်နားကာထားလို့ အော်ခေါ်တော့ ရှောင်းကျန့်ကလှည့်ကြည့်လာသည်။အင်းးးပြိုလဲပစ်ချင်စရာကောင်းတဲ့ထဲ နူတ်ခမ်းလေးကော့တက်အောင်ပြုံးလိုက်တိုင်းပေါ်ပေါ်လာတဲ့ နူတ်ခမ်းအောက်ကမှဲ့နက်လေးလဲပါတယ်

"ငါ.....မင်းကို........ ချစ်တယ်......ဟင့်အင်းး....မလာနဲ့.....ငါ့ဆီကိုမလာနဲ့......ငါပြောဉီးမယ်"

သူ့ဆီလာဟန်ပြင်နေသည့်ရှောင်းကျန့်ကို
ဟန့်တားကာကျောပေးရပ်လိုက်သည်။

"အကယ်၍ အကယ်၍ ငါသေသွားခဲ့ရင်...... "

"ရှူးးးးးးး အသည်းကဘာဖြစ်နေလို့ သေရမှာလဲ အဲ့လိုနမိတ်မရှိတဲ့စကားတွေမပြောနဲ့  "

ဘယ်အချိန်ကတည်းကအနောက်ကိုရောက်နေမှန်းမသိတဲ့သူက ပခုံးကနေဆွဲလှည့်လို့ရိပေါ်နူတ်ခမ်းပေါ်လက်ညိုးတင်ကာ ပြောသည်။တကယ်လို့ ရိပေါ်သေသွားခဲ့ရင် ထိုလူဘယ်လိုနေမလဲလို့ မျက်ဝန်းညိိုညိုတွေထဲအဖြေရှာမိတယ်....
သို့​သော်
ကြုံ့ထားတဲ့မျက်မှောင်တွေနဲ့ မှိုင်းညို့ညို့မျက်ဝန်းတွေက ရိပေါ်သေကြောင်းပြောတာကို မကြိုက်ဟန် ပုခုံးဆီက လက်ကလည်းတင်းကြပ်လာသည်။

B O G(ZSWW)[Complete] Where stories live. Discover now