23(U)

910 59 0
                                    

"လေးငယ် အသည်းရော......"

"ဟိုမှာ "

မျက်ခုံးပင့်လို့ ရိပေါ်ရှိတဲ့နေရာကိုပြလိုက်သည်။

"အခုထိစိတ်ကောက်မပြေကြသေးဘူးလား"

လက်ထဲကိုင်ထားသည့်ဝိုင်ခွက်ထဲက ဝိုင်ကိုတစ်ငုံ သောက်ရင်းမေးလိုက်တော့ ရှောင်းကျန့်က ယူကြုံးမရစွာ ရိပေါ်ကိုငေးကြည့်ရင်း

"ကျွန်တော်အသုံးမကျတာပါ"

"ဘာဖြစ်ပြန်တာလဲ"

"ညမှ ကျွန်တော်ဖုန်းဆက်လိုက်မယ် လေးငယ်"

လေးငယ်၏ အမေးစကားကိုဖြေဖို့အရေး
လူမှန်းသူမှန်းမသိအောင် သောက်ထားသည့်
အသည်းက ရန်ဟွေ့ရဲ့ ရင်ခွင်ထဲ ရောက်ခါနီးနေပြီမို့ ညမှဖုန်းဆက်မယ်ပြောပြီး အသည်းဆီလျှောက်သွားလိုက်သည်။

💮
အသည်းစိတ်ပြေလိုပြေညား အသည်းကြိုက်တတ်သည့်မုန့်လေးတွေကို mini markမှာဝယ်ပြီးပြန်လာတော့ အသည်းကအိမ်မှာမရှိ... ဘယ်သွားလဲအသည်းကိုဖုန်းခေါ်သော်လည်း မကိုင်.....ရှောင်းကျန့်ကိုစိတ်ဆိုးပြီး ဘာမှဆိုးဆိုးဝါးဝါးမလုပ်ဖို့မျှော်လင့်မိတာပဲ....အသည်းရာ ဆိုးလိုက်တာ

"ဝေ လေးငယ်~"

အသည်းကိုစိတ်ပူနေတာမို့ လေသံကတိုးဖျော့ဖျော့....... အသည်းသာတစ်ခုခုဖြစ်ရင် သူအရင်သေမှာ.....

"ဗျာ!!ဗျာ ဟုတ် ဟုတ် လေးငယ် ကျွန်တော်လာခဲ့မယ်"

လေးငယ်ရဲ့သတင်းပေးမှုနဲ့ ရန်ဟွေ့ဆိုသည့်လူရဲ့မွေးနေ့ပွဲမှာ အသည်းရောက်နေကြောင်းသိရတော့ ကားနဲ့အသော့နှင်မိသည်။အရက်တွေလည်းသောက်နေပါသတဲ့....ကိုယ်နဲ့မတည့်မှန်းသိနေတာကို ဘာလို့ သောက်နေရတာလဲ အသည်းရာ...အသည်းရဲ့အတွေးတွေဟာလေ တကယ်တစ်ခါတစ်ခါသူလိုက်လို့မမှီပါ
💮

"ဝမ်!!"

ခပ်ဆတ်ဆတ်ခေါ်တော့ အမူးသမားကလှမ်းကြည့်တယ်...ဘယ်ဆိုးလို့လည်း သူ့နာမည်တော့ သိသေးသား.....

"ဘယ်သူယဲ..."

"ကိုယ်လေ ကိုယ်"

ရန်ဟွေ့ဆိုသူကို အကြည့်စူးစူးတစ်ချက်ပစ်ကျွေးရင်း အသည်းရဲ့ခါးဆီလှမ်းကိုင်လို့ခန္တာကိုယ်ကိုထိန်းလိုက်သည်။

B O G(ZSWW)[Complete] Where stories live. Discover now