7(U)

1K 84 0
                                    

ခေါင်းပေါ်ကခပ်ဖွဖွအထိအတွေ့ကြောင့် ရှောင်းကျန့်နိုးလာရသည်။မျက်လုံးဖွင့်ကြည့်တော့ ကုတင်ခေါင်းရင်းကို ကျောမှီထိုင်ရင်းကုတင်အောက်မှာထိုင်ကာ ကုတင်ပေါ်ခေါင်းတင်အိပ်နေသော သူ့ရဲ့ ဆံပင်တွေကိုသပ်တင်ပေးနေတဲ့ ရိပေါ်။

"ရိပေါ် နေသာရဲ့လား ခေါင်းကိုက်နေသေးလား"

နိုးနိုးခြင်းမေးခွန်းတစ်စီတစ်တန်းမေးလိုက်လို့ထင် ဝမ်က မျက်ခုံးလေးတွေအလိုမကျသလိုတွန့်ချိုးသွားတယ်။

"ဒီကို လာထိုင်"

ရိပေါ်ကသူ့ဘေးကနေရာကိုလက်ပုတ်ပြကာ ရှောင်းကျန့်ကိုလာထိုင်ခိုင်းသည်။

"အင်းး ထိုင်ပြီ"

ထိုင်ပြီးတာနဲ့တစ်ပြိုင်နက် ဝမ်ကသူ့နဖူးကိုဖျက်ကနဲလာနမ်းတယ်။

"အခုပျောက်သွားပြီ "

ကိုယ့်နဖူးကိုကိုင်ကာပါးစပ်နားရွက်တက်ချိတ်မတက်ပြုံးရုံသာမက နားရွက်များနီရဲပြီးရှက်နေသော ရှောင်းကျန့်ကလွန်ခဲ့တဲ့နှစ်လက စိတ်ဆိုးပြီးထွက်သွားတဲ့လူနဲ့တစ်ယောက်တည်းလ်ု့ပြောရင်ယုံနိုင်စရာမရှိ။

အတန်ကြာအောင် အပျော်လွန်နေပြီးမှ ဝမ် နဲ့သူ မတွေ့ဖြစ်တာနှစ်လတောင်ရှိပြီကိုသတိရသွားရသည်။ဆွယ်တာ အဖြူလေးနဲ့ဝမ့်ကို ဆွဲဖက်တော့ အလိုက်သင့် လေးပါလာတယ်။

"ငါအရမ်းလွမ်းနေတာ....."

စကားဆုံးမှ ရှောင်းကျန့်ကျောပေါ်လက်ရောက်လာတဲ့ ဝမ်က သေချာပေါက်ကို ပြုံးလိုက်တယ်။ သူမမြင်ပေမယ့် လည်ပင်းကိုလာထိတွေ့တဲ့ပါးမို့ဖောင်းဖောင်းလေးတွေကြောင့် ပြုံးသွားတာသေချာပါသည်။

"ငါရောပဲ"

နှစ်ဉီးကြားလေးတိုးစရာနေရာမရှိအောင်ကို ပိုပြီးတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။ရိပေါ်သူ့ကိုချစ်တယ်လို့မပြောရင်တောင် ဒီလိုအပြုအမူလေးတွေ နဲ့တင် သူကျေနပ်ပါပြီ။ရိပေါ်ယုံအောင်ကြိုးစားမယ်ဆိုပြီး နှစ်လတောင်ပစ်ထားတယ်တဲ့ ကြားလို့တောင်ကောင်းရဲ့လားး။
☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
In NewYork

B O G(ZSWW)[Complete] Where stories live. Discover now