15(Z)

407 16 0
                                    

"ရိပေါ် ဒီနေ့ companyမှာ ဘုတ်အစည်းအဝေးရှိတယ်....နောက်ပြီး... "

"ရှောင်းး ကျွန်တော် ခနလောက် နားချင်သေးတယ်....."

"ဘယ်နေရာနေလို့မကောင်းလို့လဲ... "

"အဆင်ပြေပါတယ် ဒီအတိုင်း မနေ့ညက များသွားလို့......"

"ဒါဆို ရှောင်း သံပရာရေအေးအေးလေးဖော်လာခဲ့မယ် ခနစောင့်"

ရုံးခန်းအတွင်းကနေ သုတ်သုတ် သုတ်သုတ် ပြေးထွက်သွားတဲ့ရှောင်းကိုကြည့်ရင်း လည်လာတဲ့မျက်ရည်တွေကို အပေါ်မော့လို့ ပြန်သိမ်းလိုက်တယ်။အလိုလိုကိုငိုချင်နေတာ အခုတလော......

ခေါင်းလည်းအနည်းငယ်မူးနေတာ
ကြောင့် စားပွဲပေါ် ခေါင်းတင်မှောက်အိပ်လိုက်သည်။မနေ့ညက တော်တော်ကိုများသွားတာမို့ မနက်ထကတည်းကခေါင်းကမကြည်မလင်.....

"ဝမ်"

ခေါ်သံကြားလို့အနောက်လှည့်ကြည့်တော့ လက်နှစ်ဖက်ကိုဆန့်တန်းကာ မျက်လုံးထဲတွင် ကြင်နာပြီးနူးညံ့သောအရိပ်တွေထင်အောင် နူးနူးညံ့ညံ့ပြုံးပြနေတဲ့ ထိုလူ။

"ဘာလုပ်နေတာလဲ ဝမ် လာလေ"

မသွားသေးဘဲရပ်ကြည့်နေတဲ့ သူ့ကို မှေးဆတ်ပြပြီး ပြောလာတယ်။တုန့်ဆိုင်းမနေတော့ဘဲ
အသည်းပုံနူတ်ခမ်းလေးတွေနဲ့ ပါးမို့မို့လေးများမို့တက်အောင်ပြုံးပြရင်း ပြေးသွားလိုက်သည်။သူဘယ်လောက်လွမ်းနေခဲ့ရတဲ့ ရင်ခွင်မလို့လဲ

ပြေးလေ ဝေးလေ ဖြစ်နေသလို ဘယ်လောက်မှမကွာဝေးသော အနေအထားမှာ ရှောင်းကျန့်ဆီမရောက်နိုင်ဖြစ်နေသည်။

"ဝမ် က ငါ့ကိုမချစ်ဘူးမလား"

"ဟင့်အင်းး မဟုတ်ဘူး.... ငါ..မင်းကို....ချ"

"ငါတောင်းပန်ပါတယ် ငါသိခဲ့သင့်တယ်"

"မဟုတ်ဘူးလို့ ငါမင်းကို.... "

ချစ်တယ်လို့စိတ်ထဲကအကြိမ်ကြိမ်ပြောနေပေမယ့် အာစေးမိသလို ထိုစကားလေးနှစ်လုံးကပါးစပ်ထဲကမထွက်လာ......။

မျက်ရည်တွေဝိုင်းနေတဲ့ရှောင်းကျန့်နားအပြေးသွားနေသော်လည်း ရှောင်းကျန့်ဆီမရောက်နိုင်။တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ မောဟိုက်လာတဲ့ရင်ဘတ်တစ်စုံနဲ့ ခြေထောက်များဟာလည်း အားပင်မရှိတော့ချေ။

B O G(ZSWW)[Complete] Where stories live. Discover now