19(Z)

380 12 0
                                    

"ကဲ ဘယ်နားမရှင်းတာ ရှိလဲ "

အစည်းအဝေးခန်းမထိပ်ဆုံးတွင် မတ်တပ်ရပ်လို့ စားပွဲခုံပေါ်လက်နှစ်ဖက်ထောက်ကာ ဝန်ထမ်းများကိုကြည့်ရင်း သူရှင်းပြခဲ့သာအချက်အလက်များအား နားလည်ရဲ့လား မေးနေသော ရှောင်းကျန့်.......အပြင်ကုတ်ကိုချွတ်ထားပြီး ရှပ်အင်္ကျီ
အဖြူကို လက်တံတောင်ဆစ်အထိခေါက်တင်ထားသည်ကြောင့် အကြောစိမ်းများယှက်ဖျာနေသောလက်သွယ်သွယ်များက စားပွဲခုံပေါ်ကိုတစ်ဒေါက်ဒေါက်..... အကုန်လုံးဆီကဘာသံမှထွက်မလာတော့တာသေချာမှ

"အားလုံးရှင်းတယ်ဆို ဒီနေ့ပဲစအကောင်အထည်ဖော်ကြတာပေါ့ ......"

အသီးသီး အစည်းအဝေးခန်းမထဲကထွက်သွားတာနဲ့ ရိပေါ်ထိုင်နေသည့်နေရာကိုလျှောက်လာပြီး စားပွဲပေါ်ဖင်ထိုင် လက်ပိုက်ကာ laptopထဲခေါင်းစိုက်နေတဲ့ ရိပေါ်ကို စိုက်ကြည့်နေသည်။keyboardပေါ်မှာ လှုပ်ရှားနေတဲ့ လက်သွယ်သွယ်တွေက ရှောင်ကျန့်ထက် အရွယ်အစားပိုကြီးတယ်လို့တွေးမိတော့
ကိုယ့်လက်ကို ပြန်ကြည့်ကာရယ်မိသည်။
ရိပေါ်ရဲ့လက်ကဘာလို့အဲ့လောက်ကြီးနေရတာလဲ....မားကအရပ်ကျ ရှည်အောင်မွေးပြီး လက်ကျ ဘာလို့သေးအောင်မွေးထားလည်းမသိဘူး.... ကိုယ့်အတွေးနဲ့ကိုယ် ရယ်နေရင်း
ရိပေါ်ကိုကြည့်လိုက်မိတာမဟာအမှား
အာရုံစိုက်နေရလို့ တွန့်ချိုးနေတဲ့မျက်ခုံးတန်းတန်းနဲ့ အနည်းငယ်ဆူချင်နေ
တဲ့ နူတ်ခမ်းက ရှောင်းကျန့်ကိုနမ်းပါနမ်းပါနဲ့ လက်ယက်ခေါ်နေသယောင်.......

မနေ နိုင်တဲ့အဆုံး
အစည်းအဝေးခန်းတံခါးကို lockချလိုက်ပြီးတဖြည်းဖြည်းရိပေါ်ရှိရာဆီပြန်လျှောက်လာကာ ထိုင်နေသည့်ထိုင်ခုံကနေဆွဲလို့ အနောက်ကိုလှည့်လိုက်သည်။အံ့သြ သွားတဲ့မျက်ဝန်းလေးတွေက ရှောင်းကျန့်ကိုဘာလုပ်တာလဲလို့မေးချင်ပေမယ့် မေးခွင့်မရခင်မှာပဲ ဂျယ်လီတုံးလေးလိုနူတ်ခမ်းလုံးလုံးလေးကရှောင်းကျန့်ရဲ့ ကျူးကျော်ခြင်းခံလိုက်ရ၏။

အပေါ်တစ်လှည့်အောက်တစ်လှည့်နူးနူးညံညံစုပ်ယူမှုတွေမှာ ရိပေါ်ပါ ရှောင်းကျန့်နောက်အမှီလိုက်ရတယ်။တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အနမ်းတွေနဲ့အတူ အစည်းအဝေးအခန်းထဲ လူနှစ်ယောက်ရဲ့အသက်ရှုသံကပြင်းရှရှ။

B O G(ZSWW)[Complete] Where stories live. Discover now