30(Z)Final

687 13 0
                                    

"ဒီနေ့ အရင်က6လလောက်ကတည်းကစီစဉ်ထားတဲ့projectကြီးတရားဝင်ချပြတဲ့နေ့ပေါ့နော် အမှန်တကယ်ဆို ဒီprojectကြီးက လွန်ခဲ့တဲ့4လလောက်ကတည်းကချပြလို့ရခဲ့ပေမယ့် အကြောင်းအရာအမျိုးမျိုးကြောင့်အခုမှ publicချပြရတဲ့အတွက် အားလုံးကို ကျွန်တော် တောင်းပန်ချင်ပါတယ် အဲ ဒါပေမယ့် တစ်ခုတော့မပြောင်းလဲပါဘူး ကျွန်တော်ပြောထားတဲ့ companyနှစ်ခုလုံးကလူတွေအကုန်လုံးကိုအားလပ်ရက်15ရက်စီပေးမှာပါ.....အဲ့အစား ကျွန်တော်တစ်ခုတောင်းဆိုစရာရှိပါသေးတယ်...."

လူတွေအကုန်သို့လော သို့လောတိုးတိုး တိုးတိုးတွေဖြစ်ကုန်ကြသည်။သူဌေးကဘာလဲပေါ့ projectပြီးလို့အားလပ်ရက်ပေးတယ်လည်းပြောသေး...အဲ့အစားတစ်ခုလုပ်ပေးဟဆိုတော့...

"အဲ့ဒါက....."

သူဌေးရဲ့စကားအဆုံး မျက်နှာများပြုံးစိပြုံးစိဖြစ်သွားသည့်ဝန်ထမ်းများနှင့်sharer holderများ...

"ဒါကတော့ လုပ်ပေးနိုင်ပါတယ် သူဌေး...

"ဟူတ်ပါတယ် ရှောင်းသူဌေး ကျွန်တော်တို့ကူညီပေးနိုင်ပါတယ်"

"...."

"ဒါဆို ကျွန်တော်စိတ်ချမယ်နော် အဲ့နေ့ကျရင် အကုန်လုံးအတွက် ကားစီစဉ်ပေးလိုက်ပါမယ်"

---
"ရှောင်းကျန့်....."

"....."

"ဟေ့....ရှောင်းကျန့်လို့ ငါခေါ်နေတယ် မင်းမကြားဘူးလား"

"ကိုယ် အလုပ်လုပ်နေတယ်လေ အသည်းရာ ဂျစ်မတိုက်စမ်းနဲ့....."

"ဘာ!ဂျစ်တိုက်တယ် မင်း ငါနဲ့ခနလောက်အပြင်လိုက်ခဲ့ပါလို့ခေါ်တာ ငါဂျစ်တိုက်တာလား"

ရှောင်းကျန့်ကသူ့ကိုတစ်ချက်တောင်မကြည့် laptopကိုသာကြည့်မြဲကြာ့်နေဆဲ

ဒုန်း!!!!

ပြောချင်စိတ်မရှိတော့
တာမလို့ တံခါးကိုသာဆောင့်ပိတ်ပြီး ထွက်လာခဲ့တယ်။အခုတလော ရှောင်းကျန့် ဘာဖြစ်နေလဲမသိဘူး သူ့ကိုဆို စိတ်မရှည်တော့ဘူး တစ်ခုခု ဆို သူ့ကိုအော်တယ် ရုံးကကောင်မလေးတွေနဲ့လည်းတရုံးရုံး...... အခုလည်း companyကလူတွေနဲ့campထွက်လာတာသူ့ကိုအသိမပေးဘူး ရှောင်းပြောပြမှ သိလို့ သူလိုက်လာခဲ့ရတာ အခုလည်း ကြည့် ကမ်းခြေမှာလေညှင်းသွားခံမယ်ဆို မလိုက်ဘူးတဲ့

B O G(ZSWW)[Complete] Where stories live. Discover now