part 2

72.7K 7.5K 948
                                    

စက္ကန့်များစွာလောက် အကြည့်ချင်း ခလုတ်တိုက်မိကြပြီးမှ ဒေါနက ပြုံးသလို မဲ့သလို မျက်နှာထားမျိုးဖြင့် ဆေးလိပ် မီးခိုးငွေ့များအား
မှုတ်ထုတ်ပစ်တော့ စစ်နိုင်း မျက်နှာ အနည်းငယ်မဲ့သွားရတော့သည်။ဆရာဝန် တစ်ယောက်ရဲ့ အရှေ့မှာ ဆေးလိပ်ကို စိမ်ပြေနပြေ ထိုင်သောက်နေတာကို မြင်ရတာ အဆင်မပြေလိုက်တာ။

!ဒီကောင်လေးဟာ လူပုံစံက ပြောင်းလဲသွားပေမဲ့ မြင်လိုက်ရတိုင်း မနှစ်မြို့စွာ ခံစားရစေတဲ့ စိတ်ကိုတော့ မပြောင်းလဲစေနိုင်သေး!

ငယ်စဉ်ထဲက ခပ်တန်းတန်း နေခဲ့ကြသူတွေမလို့ ရုတ်တရတ် အကောင်လိုက်ကြီး ဘွားကနဲ တွေ့လိုက်ရတော့ စစ်နိုင်း နှုတ်ဆက်ရကောင်းမလား မနှုတ်ဆက်ပဲ ဒီအတိုင်း ထွက်သွားရမလားဖြင့် အတွေးတွေ အနည်းငယ် ယောက်ယက်ခတ် သွားရတော့သည်။ဒေါနက မျက်ဝန်းတွေကို ခပ်စင်းစင်းမှေး၍ စောင်းငဲ့ကြည့်ပြီးတော့မှ ထီမထင်မျက်နှာထားဖြင့် မျက်နှာကို ပြန်လှည့်သွားကာ ခုံတန်းလေးပေါ် ကျောမှီချရင်း လက်ထဲမှ စီးကရက်ကို ထိုးချေ တောက်ထုတ်သည်။ပြီးတော့ အသင့်ရှိနေသော ဆေးလိပ်ဘူးထဲမှ နောက်တစ်လိပ်ကို ထပ်ထုတ်ကာ နှုတ်ခမ်းဖြင့် ဖိရင်း ဟန်ပါပါ မီးညှိနေတာ ပတ်ဝန်းကျင်တစ်ခုလုံး သူတစ်ယောက်ထဲ ရှိနေသည့်အတိုင်း။

စီးကရက် ဖြူဖြူကို ဖိကိုက်ထားတဲ့ ယောက်ျားတန်မဲ့ နီရဲစိုနေသော နှုတ်ခမ်းလွှာတွေကို ကြည့်ရင်း စစ်နိုင်း အလိုမကျသောစိတ်က ထပ်မံဖြစ်ထွန်းလာပြန်သည်။သူ့ဖက်က လစ်လျှူရှုတော့ ကိုယ့်ဖက်က စနှုတ်ဆက်ဖို့က ခက်ခဲနေသည်။ငယ်စဉ်တုန်းက မျက်နှာကျော မတည့်ကြဘူး ဆိုပေမဲ့လည်း အခုက ကလေးတွေမှ မဟုတ်တော့တာပဲ။ပြီးတော့ ရန်သူတွေလည်း မဟုတ်။အတွေးနှင့်အတူ စစ်နိုင်း နှုတ်ဆက်ဖြစ်ဖို့ ပါးစပ်ပြင်မိတော့....

"ကိုကိုက ဒီကိုရောက်နေတာလား..."

အသံနှင့်အတူ ရေမွှေးရနံ့ဖျော့ဖျော့လေးက နှာခေါင်းဝသို့ ဝေ့ဝဲလာကာ အဖြူရောင် အရိပ်ကလေးက နံဘေးသို့ရောက်လာ လေတော့သည်။

"ရှင်းခန့်...."

ရှင်းခန့်က နံဘေးမှာ ကပ်ရပ်ရင်း ဒေါနနှင့် စစ်နိုင်းဆီသို့ အကြည့်တို့ ကူးလူး ဖြတ်သန်းသွားပြီးတော့မှ စစ်နိုင်းဖက်သို့ ပြန်လှည့်လိုက်ကာ...

Green Eye(complete)Where stories live. Discover now