"အဲ့ဒီတော့ ပြည်တော်ပြန်ခရီးက တစ်ကိုယ်တည်း လူပျိုကြီးပေါ့လေ.."
"ဒါပေါ့ကွ ဆိုရိုးစကားတောင် ရှိသေးတာ ဘာတဲ့ လှေကား၃ထစ်ဆင်းရင် လူပျိုတဲ့ အခုက နိုင်ငံတောင်ခြားနေပြီကိုကွာ ဟား ဟား ဟား.."
လီယမ်က တသောသောရယ်မောကာ ခွက်ချင်းတိုက်ရင်း ပြောတော့ အားလုံး သဘောတကျ ရယ်မိပြီးတော့မှ....
"အေး ငါကြားပါတယ် မင်းတစ်ရွာတစ်ကျီ ဆောက်နေတဲ့ အကြောင်းတွေ"
ထင်ကျော်က ထပြောတော့ လီယမ်က ခပ်ဟဟ ရယ်ကာဖြင့်
"မင်း ဆရာဝန်မလုပ်ပဲ စောက်ထုံတို့ ဘာတို့ လုပ်ခဲ့ရမှာ မအေဘေး.."
လီယမ်က တနင့်တပိုး ပြောချတော့ အားလုံတဝါးဝါး တဟားဟားဖြင့် ပွဲထပ်ကျသည်။လီယမ်၏ အဖေက ကနေဒါနိုင်ငံသား အမေကမြန်မာမလို့ လီယမ်ကသွေးနှော ဖြစ်နေပေမဲ့ ငယ်စဉ်ကတဲက မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးသလို မြန်မာစကားကိုပဲ တွင်တွင်ကြီးပြောခဲ့တဲ့သူ။stateကျောင်းတုန်းက သူတို့အဖွဲ့နဲ့ လုံးလားထွေးလား ခင်မင်ခဲကြပြီး နှစ်တစ်ဝက်လောက်မှာပဲ သူ့အဖေရှိတဲ့ ကနေဒါမှာ ကျောင်းသွားတက်ဖို့ ဖြစ်လာခဲ့ရတာဖြစ်သည်။ဟိုရောက်တော့ ဟိုမှာပဲ ကျောင်းဆက်တက် ကျောင်းတွေပြီးလို့ အိမ်ထောင်ကျတော့လည်း သူ့အဖေဘက်က အမျိုးတွေစပ်ဟပ်ပေးတဲ့ နိုင်ငံခြားသူနဲ့မလို့ လီယမ်ရဲ့ ပြည်တော်ပြန်ခရီးက ရွှေပြည်တော် မျှော်တိုင်းဝေးနေခဲ့တာ။အခုတော့ ဇနီးသည်နှင့် အိမ်ထောင်ရေး အဆင်မပြေမှုကို အကြောင်းပြကာ မြန်မာနိုင်ငံမှာပဲ စီးပွားရေးကို ဇောက်ချရင်း အခြေချတော့မလိုလိုတွေ ဖြစ်လာတာဖြစ်သည်။
"ဟျောင့် ခြောက်ကိုး မင်းလည်း ငြိမ်လှပါလား ကျောင်းတုန်းထဲက မင်းလောက် စွံတာမင်းပဲရှိတယ် ငါက အခုလောက်ဆို သားတစ်ရာမြေးတစ်ဖြာနဲ့ စိုစိုပြေပြေ ဖြစ်နေလောက်ပြီ ထင်နေတာ အခုတော့ ခြောက်ကပ်လို့.."
လီယမ်ပြောတော့ စစ်နိုင်းက မျက်ခုံးပင့်ပြီးတော့မှ...
"မင်းတို့ကောင်တွေ ကြည့်ပြီး စိတ်ကုန်လို့လေ.."
စစ်နိုင်း၏ စကားကြောင့် ထင်ကျော်က နှုတ်ခမ်းကို တွန့်မဲ့ပြီးမှ...
YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...