part 11

56.2K 5.4K 533
                                    

"ခုံနေရာလေးတွေ သေချာစီထိုင်ပေးကြပါဗျ.."

"အမ အမအိတ်ကို အောက်မှာ ထည့်လိုက်ရင် ပိုအဆင်ပြေမယ်ဗျ"

"ကမ်းလက်တစ်စုံ"ပရဟိတလူငယ်များအသင်း ဆိုတဲ့ စာတန်းပါသော တူညီဝတ်စုံများဖြင့် လူငယ်လေးတွေ အတော်များများ Expressကားပေါ်မှာ သူတို့ စေတနာဆရာဝန်များ နာစ့်များကို စီစဉ်နေရာချပေးရင်း ကားပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့် ရှိနေကြလေသည်။ဒီနေ့ သူတို့ဆေးရုံမှ ဆရာဝန်တချို့ရယ် တခြားပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆရာဝန်တချို့ရယ်က ပရဟိတ လူငယ်အသင်း နှင့်အတူ အင်အားဖြည့်၍ မဖွံ့ဖြိုးသော တောင်ပေါ်ဒေသတစ်ခုမှာ တစ်ပတ်တာ ဇိဝိတဒါနအဖြစ် လုပ်အားပေး သွားကြမှာဖြစ်လေသည်။

"ဟို မျက်လုံးစိမ်းလေးက ကပြားလေး ထင်တယ်နော် ချောလိုက်တာ ဟိဟိ.."

ကျောပိုးအိတ်ကို နေရာချနေရင်း ဘေးခုံမှ နာစ့်လေးနှစ်ယောက်၏ စကားကြောင့် နားထဲသို့ Airpodကို ထည့်မလို့လုပ်ပြီးမှ မထည့်ဖြစ်တော့ပဲ စစ်နိုင်း စကားသံတို့ကို နားစွင့်မိပြီးသား ဖြစ်သွားတော့သည်။

"ရုပ်ကတော့ ကပြားရုပ်နော် ဒါပေမဲ့ ဗမာသံကျ ပီပီသသကြီး ပြောတာ.."

"ကြည့်စမ်း မိန်းမ စကားသွားပြောခဲ့တယ်ပေါ့..."

"အိတ်လေး ကားအောက် ထည့်ပေးပါလို့ပဲ ပြောတာပါဟယ် ခစ်ခစ်.."

ပြောနေရင်းဖြင့် ရယ်စရာမဟုတ်တဲ့ စကားကို နှစ်ယောက်သား လက်ဝါးချင်းရိုက် ရယ်နေကြပြန်သည်။

"တစ်ပတ်လုံးလုံး အဖြူဆင်လေးနဲ့ အတူတူ ခရီးထွက်ရမှာ အမလေး လောကကြီးက လှနေတော့မှာပဲ အဟိ ဟိ.."

"ဟယ် ကောင်မ ရွနေတာ တော်ကြားစော်ကြီး တန်းလန်းပါလာလို့.."

"ပါစရာလား ပရဟိတ အဖွဲ့ထဲ ကျားမှကျားတွေချည်းပဲ.."

"သေချာတယ် အဲ့ဒါဆို ဘဲပါလာမှာ ခစ်ခစ်...."

"ဟယ် အယုတ်တမာမ ပါးစပ်ပုပ်နဲ့..."

"အယ် ရှုဆေး မဝယ်ရသေးဘူး လာ အောက်ပြန်ဆင်းရအုံးမယ်"

"သွားမယ် သွားမယ် အစိမ်းလေးကို ထပ်ငမ်းရတာပေါ့.."

Green Eye(complete)Where stories live. Discover now