"ဒါက ဘယ်လိုပုံစံ ဖြစ်နေရတာလဲ စစ်နိုင်း..."
လက်ဆွဲအိတ်ကို ဆွဲကာ ဆံပင်တွေ အနည်းငယ်ပွယောင်းနေသလို ရှပ်အင်္ကျီကြယ်စေ့ကိုလည်း ရင်ဘတ်မှာ နှစ်လုံးလောက်ဟထား သေးသည်။ပြီးတော့ အင်္ကျီလက်ကို ဖြစ်သလို ဆွဲလွဲ ခေါက်တင်ထားတဲ့ပုံစံက ပုံမှန် ဟန်စစ်နိုင်းရဲ့ အနေအထားနှင့်သာဆို အတော်လေးကို ပစ်စလက်ခတ် ဗရုတ်သုတ်ခ နိုင်နေတာဖြစ်သည်။အမြဲတမ်း ဂရုတစိုက် ရိတ်သင်ထား၍ အစဉ်အမြဲ စိမ်းညှို့ကာ ရှင်းသန့်နေတက်တဲ့ မုတ်ဆိတ်ကျင်စွယ် တွေဟာလည်း အခုတော့ ဟိုတစ်စ ဒီတစ်စဖြင့် လူပုံစံက ညှင်းသိုးသိုး ဖြစ်နေတာ သိသာလှသည်။
"ဘာဖြစ်လို့လဲ မာမီ..."
အိပ်ရေးမဝသော အနည်းငယ် နီရဲနေသော မျက်ဝန်းများဖြင့် ပြန်လှန်ကြည့်၍ မေးလာသော သားဖြစ်သူအား ကြည့်နေရင်းဖြင့် ဒေါ်နီလာတင့် စိတ်တွေတိုလာရတော့သည်။
"ဘာဖြစ်ရမလဲ မင်းပုံစံကို မင်းမှန်ထဲပြန်ကြည့်စမ်း ဒါက ဆေးရုံသွားမဲ့ပုံစံလား လုပ်ငန်းခွင်မှာ အကြီးအကဲ တစ်ယောက်ဖြစ်နေပြီး ဒီလောက် ပစ်စလက်ခတ် နိုင်ရလား အခုပုံစံက ဘာတွေဖြစ်နေတာလဲ ဟန်စစ်နိုင်း"
မိခင်ဖြစ်သူ၏ စကားကြောင့် မကြည်လင်သော စိတ်တို့က ပိုပြီး နောက်ကျိ ရှုပ်ထွေးသွားရပြန်သည်။ဒီရက်ထဲမှာ လူက အရာအားလုံးကို စိတ်မပါလက်မပါဖြင့် ဗုန်းဗုန်းလဲချင်နေတာ ဖြစ်သည်။ဘယ်အလုပ်ထဲကိုမှ စိတ်နှစ်၍ မရပါပဲ စိတ်အစဉ်ဟာ ဒေါန၏ ထံပါး၌သာ ရစ်ဝဲလို့နေလေတာ ဖြစ်သည်။
"တစ်ခါတလေလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေချင်လို့ပါ မာမီ"
"မင်းပုံစံက လွတ်လပ်ပေါ့ပါးတာ မဟုတ်ဘူး ဗရုတ်သုတ်ခနဲ့ ပစ်စလက်ခတ် ဖရိုဖရဲဖြစ်နေတာ မသိရင် စိတ်ကျရောဂါ ဖြစ်နေတဲ့အတိုင်းပဲ သွား အခု သပ်သပ်ရပ်ရပ် သွားပြန်လဲ.."
ကိုယ့်ဖာသာတောင် စိတ်တွေ အဆင်မပြေတာ မျက်စိထောင့်ထောက် ကြည့်ပြီး ကလေးတစ်ယောက်လိုမျိုး လွှမ်းမိုးခြယ်လှယ်ခံဖို့ကိုလည်း စစ်နိုင်း စိတ်မရှည်ချင်တော့ပေ။မျက်ခုံးတို့ကို တွန့်ကုပ်လိုက်ပြီးတော့မှ....

YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...