part 12

54K 5.2K 314
                                    

ခပ်လှမ်းလှမ်းမှာ သီဆိုကခုန်နေကြတဲ့ ဆူဆူညံညံ အသံတွေက tentထဲမှ အသံရှုသက်ပြင်းပြင်းဖြင့် စိတ်ဆန္ဒဇော အဟုန်တွေကိုတော့ ငြိမ်သက်သွားအောင် မစွမ်းဆောင်နိုင်ပါ။ဒေါန ဦးဆောင်ပုံဖော်နေတဲ့ အနမ်းများနောက်မှာ အလိုက်သင့်မျောပါနေရင်း ဒီနေ့ညမှပဲ နှုတ်ခမ်းတွေက ပိုချိုနေသလို။နှုတ်ခမ်းတွေကို အတင်းစုပ်ယူနမ်းနေရင်းဖြင့် ဒေါန၏ လျှာဖျားက မာန်ဖီနေသော မြွေတစ်ကောင်လို တရကြမ်း တိုးဝင်ရစ်ပတ်သည်။ပြီးတော့ လက်တွေကလည်း အငြိမ်မနေပဲ ဘောင်းဘီပေါ်မှနေ၍ စစ်နိုင်း၏အရာကို ပွတ်သပ်နှိုးဆွနေပြန်သည်။ထိအတွေ့ ရှိဖူးခဲ့ကြတယ်ဆိုတဲ့ အသိကြောင့် ဆန္ဒတွေက ပို၍ ထိန်းချုပ်ရခက်ခဲ နေလေသည်။ရုတ်တရက် စစ်နိုင်းက ခန္ဓာကိုယ်ကို လှည့်ပစ်ကာ ဒေါနအား ရင်ခွင်အောက်သို့ ရောက်စေပြီးမှ လည်တိုင်တစ်လျှောက် ပြေးလွှားနေတဲ့ ဒေါန၏ ပန်းရင့်ရောင် adam's appleလေးကို စုပ်ယူငုံထွေးလိုက်သည်။

"အ့!...ဟား..."

ဒေါန၏ မျက်နှာလေး ခပ်မော့မော့လေး ဖြစ်သွားကာ ငြီးငြူသံပြုလေတော့ စစ်နိုင်း သဘောကျစွာပြုံးသည်။ဒီနေရာက ဒေါနရဲ့ sensitiveဖြစ်တဲ့ နေရာဆိုတာ ဟိုတစ်ညထဲက သူသိခဲ့ပြီးသားပဲလေ။adam's appleလေးအား အချိန်အတော်ကြာ စုပ်ယူငုံထွေးနေပြီးမှ လည်တိုင်မှ တဆင့် အင်္ကျီရင်ဘတ်အား ဆွဲလှန်ကာ ချယ်ရီသီးလေးအား စုပ်ယူငုံ့ကိုက်မလို့ ဟန်ပြင်လိုက်သည်။
ပြီးမှ တစ်စုံတစ်ခုကို သတိရသွားရကာ ပြန်မော့ကြည့်မိတော့ တရှုးရှုးဖြင့် အိပ်မောကျနေပြီ ဖြစ်သော ဒေါနအား တွေ့လိုက်ရတော့သည်။

"ဟား...."

စစ်နိုင်း ဆံပင်တွေထဲ လက်ထိုးထည့်၍ ဆွဲဖွပစ်ကာ ဟားကနဲ အသံထွက် အော်မိသည့်အထိ။သူပဲ အတင်းဇွတ်လာနမ်း သူပဲအတင်းလာစကာ လာဆွပြီး အခုတော့ မာကင်ရာပေးနေတာကိုပဲ သူ့ကိုချော့သိပ်နေသည့်အလား အိပ်ပျော်သွားလိုက်တာ တပျော်တပါးကြီး။ကိုယ်ကတော့ ကိစ္စက ထိပ်ဝမှာရောက်နေပြီ။မူးပြီးအိပ်ပျော်နေတဲ့သူကို အတင်းနှိုးပြီးလုပ်ဖို့ကလည်း feelမလာပါ။သူက နှစ်ကိုယ်တူကြည်ဖြူပြီး တက်ညီလက်ညီ စိတ်ရှိနေတာမျိုးကိုပဲ ပိုပြီးနှစ်သက်တာ။ခံစားချက်တွေ ဝတ္တရားဆန်တာကို မကြိုက်လို့ ဇိမ်ခန်းတွေတောင် တစ်ခါမှမသွားခဲ့ဘူး။မတက်နိုင်ဘူး ကိုယ့်ဖာသာပဲ ဖြေရှင်းရတော့မှာပဲ။

Green Eye(complete)Where stories live. Discover now