part 19

51K 5.3K 2.2K
                                    

တရိပ်ရိပ် ပြေးနေသော ကား၏အမြန်နှုန်းနှင့်အတူ စစ်နိုင်း၏ စိတ်အစဉ်ဟာလည်း ရှင်းခန့်ဆီသို့ အပြေးရောက်သွားလိုက် နံဘေးမှာ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ဒေါနဆီသို့ ဝေ့ဝဲသွားလိုက်ဖြင့် လူးလားခေါက်ပြန် ဖြစ်နေရင်း နေရာမရ။မျှော်လင့်ချက်ကို ရိုက်ချိုးခံရတဲ့ အခိုက်အတန့်တွေဟာ ဘယ်လောက်တောင် နာကျင်ဖွယ်ရာ ကောင်းသလဲ ဆိုတာကို သိနေတာမလို့။ဒေါနကို ပေးထားတဲ့ကတိကို ဖျက်ပစ်ခဲ့မိပြီး မရည်ရွယ်ပါပဲ မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့သလို ဖြစ်သွားရတဲ့အတွက် အပြစ်ရှိသလို ခံစားနေမိရကာ စိတ်ထဲနည်းနည်းတော့ အဆင်မပြေ။အိမ်အပြန် လမ်းတစ်လျှောက်လုံး ဒေါနက ပြတင်းအပြင်ဖက်မှ မြင်ကွင်းတွေကို ငေးကြည့်လာကာ စကားတစ်ခွန်းမှမပြော။ဒေါနရဲ့ အကျင့်က စိတ်တွေအဆင်မပြေတဲ့အချိန်တွေဆို ပိုပြီးတော့ တိတ်ဆိတ်အေးစက်ကာ ငြိမ်သက်သွားတက်တာ ဖြစ်သည်။

"အဟမ်း..!"

တိတ်ဆိတ်နေသော အခြေအနေကြီးကို မနှစ်မြို့နိုင်စွာ စစ်နိုင်း တမင်တကာ ချောင်းဟန့်သံ ပြုပေမဲ့လို့ ဒေါနကတော့ ဇက်ကိုလိမ်နေအောင်သာ လှည့်ထားလေသည်။

"အဟမ်း ကိုယ်တို့ နောက်တပတ်ကျရင်......"

စစ်နိုင်း၏ စကားမဆုံးခင်မှာပဲ ဒေါနက ဆတ်ကနဲ လှည့်လာကာ ရေဒီယို ခလုတ်ကို ချောက်ကနဲနှိပ်ပြီး ရေဒီယိုကို အသံကုန်ဖွင့်ပစ်ကာ စစ်နိုင်း၏ စကားတို့အား နားမထောင်လိုကြောင်းကို သွယ်ဝိုက်၍ အရိပ်အယောင်ပြသည်။

~ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ နင်ငါ့ကိုချွဲနေတုန်းပဲ...~
~အဟုတ်ကြီးမှတ်ပြီး ငါ ကြိတ်ခါ ဝမ်းသာနေတုန်း ရှိသေးတယ်...~
~ပြန်ပြောမယ် ပြန်ပြောမယ်နဲ့ နင်ဖုန်းတွေ ပြောနေတုန်းပဲ...~
~နောက်မှ ထိုးမဲ့ဓားကို ငါကြိုပြီး သွေးထွက်ထားပါတယ်...~

~အဖြည့်ခံဆိုတဲ့ သတ္တဝါလို့ ဒီလူကို သတ်မှတ်ထားသလားကွယ်~

တိုက်တိုက်ဆိုင်ဆိုင်ပဲ FMကနေ ခပ်ကျယ်ကျယ် ပျံ့လွင့်လာတဲ့ သီချင်းက ဖြိုးပြည့်စုံရဲ့ အသဲနှလုံးမရှိတဲ့သူ။သီချင်းကြောင့် ဒေါန၏ နှုတ်ခမ်းတွေ ပြုံးမဲ့မဲ့လေး ဖြစ်သွားရတော့သည်။စာသားတွေက သူ့ကိုများ တမင်စောင်းမြောင်း သီဆိုနေသည့်အလား။

Green Eye(complete)Where stories live. Discover now