"ကိုယ် မင်းကို ချစ်တယ် ဒေါန..."
စစ်နိုင်းဆီမှ တိုးဖွအက်ရှစွာ ပေါ်ထွက်လာသော အသံက ဒေါန၏ နားထဲမှာ မိုင်းဗုံးတစ်လုံး ပေါက်ကွဲသွားသလို ကျယ်လောင်စွာ မြည်ဟီးသွားလျှက်ရှိသည်။ထိုစကားတစ်ခွန်းဟာ လျှပ်စစ်ဓာတ်တွေကို ဖြန့်ကျက်လိုက်သည့်အလား ဒေါန၏ တစ်ကိုယ်လုံးအား ကျဉ်ခဲတောင့်တင်း သွားစေလျှက် ခြေလှမ်းတို့အား ရပ်တန့်စေမိတော့သည်။ရင်ဘတ်ထဲမှ နှလုံးသားဟာလည်း တဆတ်ဆတ် ခုန်ပေါက်လှုပ်ရှားနေတာ ပါးစပ်မှနေ၍ အပြင်သို့ ခုန်ထွက်လာတော့မည့်အတိုင်း။ဒေါန၏ တစ်ကိုယ်လုံး တရှိန်းရှိန်းဖြင့်ဖြစ်လာရကာ အပူလှိုင်းတွေဟာ ဘယ်နေရာက စီးကူးလာမှန်း မသိတော့။
ဖရိဖရဲ ဖြစ်နေသော ခံစားချက်များကို ဦးနှောက်ဖြင့် သတိပေးကာတားဆီးထိန်းချုပ်လိုက်တော့ မာနတရားနှင့် ဒေါသငွေ့ငွေ့က ဟုန်းကနဲ ထလာရတော့သည်။ဒီလူက သူ့ကိုချစ်တယ်ဆိုတာ နှလုံးသားရဲ့ ခံစားချက်နှင့်မဟုတ်ပဲ သွေးသားဆန္ဒရဲ့ စေခိုင်းမှုသက်သက်ကြောင့်သာ ဖြစ်သည်။မေတ္တာတရားအရ ဆိုတာထက် လိင်စိတ်ဆန္ဒအရသာ မက်မောနေတာမျိုး။ထိုသို့တွေးမိတော့ ဒေါန၏ မေးကြောတို့ တင်းကနဲ ဖြစ်သွားရကာ လက်သီးကို ခပ်တင်းတင်းဆုပ်၍ ကျောခိုင်းထားရာမှ မျက်နှာချင်းဆိုင် ဖြစ်အောင် ပြန်လှည့်လိုက်သည်။ပြီးမှ စစ်နိုင်း၏ အင်္ကျီရင်ဘတ်အစအား ခပ်ကြမ်းကြမ်း ဆွဲဆုတ်၍ စူးရဲစွာ ကြည့်ပြီးမှ....
"ချစ်တယ် ဟုတ်လား ဟား...."
ပြောရင်းဖြင့် ဒေါနက ခေါင်းမော့ကာ ဟားကနဲ ရယ်ပစ်သည်။ပြီးမှ..
"ခင်ဗျား တော်တော်ကို စောက်ရှက်မရှိတဲ့လူပဲ ဟန်စစ်နိုင်း။အိပ်ရာပေါ်က ကိစ္စတစ်ခုအတွက် အချစ်ကို ခုတုံးလုပ်ရဲတယ်။ရွံဖို့ကောင်းလိုက်တာ။ချစ်တယ်ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုရော သေချာ သိရဲ့လား။ချစ်ခြင်းမေတ္တာဆိုတာ ခင်ဗျားသိထားတာထက် ပိုပြီးတန်ဖိုးကြီးတယ်။ပိုပြီးလေးနက်တယ်။ခင်ဗျားရဲ့ အိပ်ရာပေါ်က သာယာမှုအတွက် အချစ်ဆိုတာကို ခုတုံးလာ မလုပ်နဲ့"
ဒေါသသံ ရှူးရှုးရှားရှားဖြင့် ဒေါန တရစပ်ပြောပြီးမှ စစ်နိုင်း၏ ရင်ဘတ်အား ခပ်ကြမ်းကြမ်း ဆောင့်လွှတ်လိုက်သည်။ပြီးတော့ စစ်နိုင်း၏ လက်ထဲမှ မနက်စာထုပ်အား ဖြတ်ကနဲ ဆွဲယူ၍ အနီးရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ထို့နောက် နောက်သို့ တချက်မှလှည့်မကြည့်ပဲ ခြေလှမ်းကျဲများဖြင့် ဆိုင်ထဲသို့ တစ်လွှားလွှား ဝင်သွားလေတော့သည်။

YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...