part 36

54.5K 5.7K 875
                                    

"နေရတာ သက်သာရဲ့လား မာမီ မူးနေသေးလား မျက်နှာကတော့ နည်းနည်းအမ်းနေသေးတယ် အနားယူလိုက်ရင် ကောင်းသွားမှာပါ.."

ဟန်နီက မိခင်ဖြစ်သူအား ခြေဆုပ်လက်နယ် ပြုရင်း စိုးရိမ်ပူပန်စွာဖြင့် ပြောမိသည်။ဒေါ်နီလာတင့်ကတော့ ဘာမှခွန်းတုံ့မပြန်ပဲ မျက်ဝန်းတို့သာ အသာမှေးမှိတ်ရင်း မှေးစက်နေလေသည်။သွေးတိုးနေသော အရှိန်ဖြင့် မျက်နှာက အနည်းငယ်အမ်းကာ နွမ်းဖတ်နေသော မိခင်ဖြစ်သူအား ကြည့်၍ ဟန်နီ သက်ပြင်းကိုသာ ရှိုက်လိုက်မိ၏။

လက်ထပ်ပြီးထဲက ယောင်နောက်ဆံထုံး ပါသွားလိုက်တာ အိမ်ထောင့်တာဝန် ဝတ္တရားများစွာဖြင့် မိဘအိမ်ကို တစ်လနေလို့ တစ်ခေါက်ရောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေခဲ့ရသည်။အခုလို မာမီ နေထိုင်မကောင်းဘူး ဆိုတော့မှပဲ အူယားဖားယားဖြင့် ရောက်လာဖြစ်တော့သည်။ကိုယ်တိုင်လည်း အထူးကုဆရာဝန်တစ်ယောက် ဖြစ်ပြီး ကျန်းမာရေးကိုလည်း အထူးလိုက်စားတဲ့ မာမီက အိပ်ရာထဲလဲတဲ့အထိ သွေးတိုးရတယ် ဆိုတော့ ဟန်နီ အံ့သြမိတာအမှန်။အိမ်ရောက်ပြီးမှ ဒယ်ဒီဆီက ပြဿနာအကြောင်းစုံ ပေါင်းစုံကို သိလိုက်ရတော့ ဟန်နီ ပို၍ရင်မောသွားရတော့သည်။အသွင်တူ စရိုက်တူ ဉာဉ်ချင်းတူသူနှစ်ယောက်၏ စစ်အေးတိုက်ပွဲက ဘယ်ဖက်ကမှ အလျှော့ပေးကြမည်ပုံ မပေါ်ချေ။

"အသက်တွေလည်း ရလာပြီ စိတ်တွေကိုလျှော့မှပေါ့ မာမီရယ်..."

မိခင်ဖြစ်သူ၏ ခြေဖျားလေးများ ဆုပ်နယ်ရင်း ဟန်နီ လေသံအေးအေးဖြင့် နားချမိတော့...

"ဘာကို စိတ်လျှော့ရမှာလဲ ညည်းက ရွှေပြည်အေး တရားလာပြနေတာလား.."

မိခင်ဖြစ်သူ၏ ခွန်းတုံ့ပြန်ပန်စကားကြောင့် ဟန်နီ သက်ပြင်းရှိုက်လိုက်မိသည်။

"ရွှေပြည်အေး တရားပြတာ မဟုတ်ရပါဘူး မာမီရယ် သမီးက အားလုံးကို အဆင်ပြေပြေလေး ဖြစ်စေချင်ယုံပါ ပြီးတော့ ဒီလိုမျိုး ကိစ္စတွေက အတင်းအကျပ်ကိုင်တွယ်လို့ မရဘူးဆိုတာ မာမီလည်း သိသားပဲ။စစ်နိုင်းကလေ မာမီနဲ့ပုံတူကူးချထားသလား ထင်ရလောက်အောင် ခေါင်းမာတက်တာကို မာမီသိတယ်မှတ်လား။သူ ဖြစ်ချင်ပြီလိုချင်ပြီဆို ဒါဆိုမှဒါ မဖြစ်ဖြစ်အောင် လုပ်ယူတက်တာ မာမီအသိပဲလေ.."

Green Eye(complete)Where stories live. Discover now