ep (2)

2.4K 197 5
                                    


"ဂျိုက် ချိန်မောင်(စိန်မောင်)တို့အိမ်ဘေးနားက ကန်ထဲမှာကြာကွက်တွေချိတယ်တဲ့ တွားမယား"

မဟုတ်တာလုပ်ဖို့ အဖော်စပ်လာတဲ့နိုနိုး၊ ဇိုက်ကိုယ်တိုင်လည်း သွားချင်ပေမယ့် လူကြီးတွေကမသွားရဘူးပြောထားသည်။

"ဟင့်အင်း ယူကြီးတွေချူလိုက်မယ်"

"မချူပါဘူး ဂျိုက်ရဲ့ မင်းမကြောရင်တိကြမှာမှုတ်ဘူးယေ တွားရအောင်ညော်"

အစထဲကလိုက်ချင်နေတဲ့ဇိုက်က နှစ်ခါလောက်နိုနိုးရဲ့မဲဆွယ်မှုမှာ ပျော်၀င်သွားပြီဖြစ်သည်။ နိုနိုးကမဟုတ်တာဆို သိပ်လုပ်ချင်တာမို့ ဇိုက်မလိုက်လည်း သူ့ဘာသာသူသွားမှာ ၊အဲ့တော့ ဇိုက်ပါရင်သူလည်းပျော်ရတဲ့အပြင် ကိုယ်လည်းပျော်ရမည်။

"အာ့ချို ချူခံရရင်တူတူပဲနော်"

သူ့ဘက်ပါလာပြီမို့ နိုနိုးအောင်နိုင်သူအပြုံးလေးပြုံးလိုက်သည်။

"အေးပါကွ"

"ဂျိုက် ပျော်ချာကြီးနော်"

"အွန်း ရေအနက်ထဲမတွားနဲ့လေ"

ကြာကန်ဘေးနားမှာတိမ်နေတဲ့ ကန်အသေးလေးတစ်ခုရှိသည်။ ဇိုက်တို့က ကန်အကြီးကိုတော့မသွားရဲ။ ကြာပန်းတွေကြာကွက်တွေက အပြင်ကနေလည်းလှမ်းဆွဲခူးလို့ရနေသည်။ ကန်ငယ်လေးက ဇိုက်တို့လိုကလေးတွေတွက်ဒူးနားတော့ရောက်သည်။ ဗွက်တွေကပိုများနေတာမို့ ဇိုက်ရောနိုနိုးရောဗွက်လူးနေသည်။

"မတွားပါဘူးကွ ဒီနားကနေပဲလှမ်းချွဲမှာပါ"

နိုနိုးဆိုတာပြောလိုက်ရင်အဲ့လိုပဲ ။ပြီးရင် စကားနားထောင်တာလည်းမဟုတ်၊ နိုနိုးကသူ့မျက်နှာမှာပေနေတဲ့ ရွှံ့တွေကို ရေကန်ကြီးထဲကရေတွေနဲ့ဆေးနေသည်။
ဇိုက်လည်းနိုနိုးနားသွားပြီး မျက်နှာသစ်လိုက်သည်။

နှစ်ယောက်လုံးမျက်နှာသစ်ပြီး ကန်ဘောင်လေးမှာထိုင်နေကြသည်။ ဇိုက်ထိုင်နေရင်းနဲ့ ဘေးနားကနိုနိုးမျက်နှာလေးကိုကြည့်လိုက်သည်။ နိုနိုးပါးကအိအိလေး ပါးကြီးကဖောင်းပြီး ပါးအို့လေးတွေက ပန်းရောင်သန်းနေသည်။ ဇိုက်အကြိုက်ဆုံးကတော့ နိုနိုးပါးဖောင်းဖောင်းကြီးနှစ်ခုကြားက နီနီရဲရဲလေး၊ စကားပြောလိုက်ရင် နီနီရဲရဲလေးက ချွန်သွားသည်။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now