ep (27)

781 94 9
                                    

"မသိဘူး မကြိုက်ဘူး"

" ပေါက်ကရတွေလာပြောနေတယ်၊ ရင်ဘက်ထဲကစကားပြော ကြိုက်လားမကြိုက်ဖူးလား မှန်မှန်မပြောရင်အထုခံရမယ်"

ဘေးနားကကျွေးနေတဲ့လူကကျွေး ဗိုက်လေးပူလာတာနဲ့အမျှအနိုင်ကျင့်ဗိုလ်ကျသူလေးကလည်း ဗိုက်ပူပူလေးကိုအကြောင်းပြု၍ ဗိုလ်ကျမြဲကျဆဲ။

"ဒါနယ်နယ်ရရမဟုတ်ဘူးနော် ကိုယ်ကိုယ်တိုင်လက်နဲ့နယ်သုပ်ထားတာ "

"အဲ့ဒါကြောင့်မို့ ငံနေတာဖြစ်မယ်"

ဈေးဗန်းအကျအနခင်းနေတဲ့ဇိုက် နင်သွားသည်။ ဒီအယုတ်တမာလေးကို ချက်စားလိုက်လို့ရရင်လည်းကောင်းသား။ စဥ်းစားကြည့်လေ သူပဲမြင်းခွာရွက်သုပ်စားချင်တယ်တဲ့ ပြီးတော့မြင်းခွာရွက်ကအစိမ်းနံ့ကြီးနံလို့မစားနိုင်ပါဘူးတဲ့လေ။ အဲ့တော့ဇိုက်ကပြုတ်ပြီးသုပ်ရမှာလား။ ဘယ်လိုမှကျွေးလို့မရတော့ နောက်ဆုံးပြုတ်ပေးမယ်ဆိုတော့လည်း အဲ့လိုမဟုတ်ပြန်။

     ဇိုက်ဆိုတာက အခုလိုအထောင်းတွေအသုပ်တွေလုပ်တက်လွန်းလို့ရောင်းနေတာမဟုတ်။ အိမ်မှာမေမေလုပ်ကျွေးတာကိုမြင်ဖူးနေကျဖြစ်လို့ တစ်ခါလောက်လက်တက်စမ်းရာကနေ ရောင်းဖြစ်သွာတဲ့ဟာတွေကြီးပဲ။ အဲ့တော့ ဇိုက်ကအများကြီးမလုပ်တက်ဘူး။

     ကိုယ့်ဂရုစိုက်မှုတွေက သူ့တွက်လုံလောက်မှုမရှိသေးဘူးဆိုတာတွေးမိလာတာနဲ့အမျှ ဇိုက်ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရတွေဖြစ်လာသည်။

"စားပါနိုနိုးရာ ဆေးသောက်ရဦးမယ်လေ"

တို့ခနဲဆိတ်ခနဲစားနေသူကို ဇိုက်တကယ်အားမရတော့ပါ။ ဒါတောင်စားတော့ ထမင်းကလက်တစ်ဆုပ်စာလေး။ ၅လထဲ၀င်တော့မဲ့ ဗိုက်ပူပူလုံးလုံးလေးထဲက ကလေးလေးတွက်၊ ပြီးတော့  ဇိုက်ရဲ့ အသည်းနှလုံးလေးအတွက် အားရှိအောင်အသည်းနှလုံးလေးက ထမင်းစားရမယ်မလား။

"မကောင်းပါဘူးဆို အဲ့အစိမ်းနံ့ကြီးမကြိုက်ဘူး"

"အဲ့တာဆို တခြားဘာစားမလဲ"

"မြင်းခွာရွက်သုပ်ပဲစားချင်တယ်"

"ပြုတ်ပြီးသုပ်ပေးရမလား"

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now