"အဆင်ပြေလား ဘာစားချင်လဲ"
"ဟင့်အင်း ဘာမှမစားချင်ဘူး၊ မင်းငါ့အနားမှာပဲနေ"
ကုတင်ဘေးမှာထိုင်နေတဲ့ဇိုက်က ခြင်ထောင်ထဲကထွက်လာတဲ့လက်ဖဝါးသေးသေးလေးကိုဆုပ်ကိုင်လိုက်သည်။
ညကဇိုက် နည်းနည်းများသွားတာမို့ မနက်ကျတော့ နိုနိုးအိပ်ယာထဲကမထနိုင်။ ကိုယ်မပူတာမို့တော်ရော့မည်။ ကြက်သားဆန်ပြုတ်လေး ကောင်းကောင်းမွန်မွန်စားပေမယ့် အရင်ကတသွပ်သွပ်စားနေသူလေးက အခုတော့ဘာကိုမှကျွေးလို့မရ။ နုံးချိနေသလိုမျက်နှာလေးကို ဇိုက်မှာဘယ်လိုလုပ်ပေးရင် ပြန်လန်းဆန်းလာမလဲတွေးနေရသည်။
"ဇိုက် ငါအိပ်ချင်တယ်"
စောင်မခြုံထားပေမယ့် ခြင်ကိုက်မှာဆိုးတာကြောင့် ခြင်ထောင်လေးတော့ဇိုက်ထောင်ပေးထားသည်။ဇိုက်က ခြင်ထောင်အပြင်ကနေပြောနေတာမို့ နိုနိုးမျက်နှာအခြေနေကိုပိုသိအောင် ခြင်ထောင်ထဲဝင်ပြီး ဇိုက်လူရဲ့ဘေးနားဝင်လှဲတော့ ကိုယ်မပူတာမို့ ဘောင်းဘီအတိုလေးသာဝတ်ထားတဲ့လူရဲ့ခြေထောက်လေးက ဇိုက်ပေါင်ပေါ်အကျအနကိုရောက်လာ၏။ ရင်ဘက်ထဲမျက်နှာလေးတိုးဝင်ပြီး ပါးပေါ်ပွတ်သပ်လာတဲ့လက်ဖဝါးနုနုလေးတွေ ၊ ဒါငယ်ငယ်ထဲကနေထိုင်မကောင်းဖြစ်တိုင်းဇိုက်အပေါ်ပြုမူနေကျမို့ ဇိုက်ပါးပေါ်ကလက်လေးကိုအပေါ်ကထပ်၍ ပွတ်သပ်ဆုပ်ကိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ နိုနိုး၊ နေမကောင်းဖြစ်ချင်နေတာလား ဟင်~ ပြွတ်!"
ဇိုက်လေသံတိုးတိုးဖြင့်သာ မေးပြီးထိုလူ့နားထင်စပ်လေးကိုဖိနမ်းတော့ ဇိုက်လက်ထဲကလက်လေးတွေကိုရုန်းပြီး နားရွက်အောက်ပိုင်းက အသားနုနုလေးတွေကိုပွတ်သပ်နေပြန်သည်။ သေချာပါတယ် နိုနိုးတစ်ခုခုဖြစ်နေတာ။
"မေးတာဖြေမှပေါ့ နိုနိုးအခုဘာတြွေဖစ်နေလဲပြောပြလေ အဲ့ဒါမှကိုယ်ဘာလုပ်ပေးရမယ်သိမှာပေါ့ အနိုးလေးရဲ့~"
"ဟင့်အင်း~"
ဇိုက်နားရွက်ဖျားကိုပဲ အာရုံစိုက်နေသူကဘာမေးမေးသေချာဖြေလာချင်းမရှိပါ။ ဘာမှထပ်မမေးတော့ဘဲ ညနေမြို့ထဲကဆေးခန်းကိုသာသွားလိုက်ဖို့ ဇိုက်ဆုံးဖြတ်လိုက်သည်။ သေချာပါတယ် နိုနိုးကသူနေထိုင်မကောင်းတာကလွဲလို့ သူ့ကိုယ်သူဘာဖြစ်မှန်းတောင်သိမှာမဟုတ်။
YOU ARE READING
ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)
Romanceမေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit Myat Noe (Noe Noe) မေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit My...