ep (32)

786 85 8
                                    

"အဲ့ဒါအကုန်ပဲ ကိုယ့်နာမည်ဇိုက်နဲ့ မင်းနာမည်ကလွဲလို့ကျန်တာဘာမှမမှတ်မိဘူး "

   ဇိုက်ဆေးရုံကနေဖြစ်ပျက်သမျှအကြောင်းစုံနိုနိုးအားရှင်းပြတော့ ဗိုက်ပူလေးကခေါင်းကိုတဆတ်ဆတ်နဲ့ငြိမ့်သည်။ အခုဇိုက်တို့ကဆေးရုံမှာဖြစ်သည်။ ဗိုက်ပူလေးကလေးမွေးဖို့ဆေးရုံတက်နေရသည်လေ။ လူကြီးတွေကိုအကြောင်းစုံရှင်းပြပြီး ဒီဗိုက်ပူလေးနားဇိုက်ရောက်တာ ၂ရက်ရှိနေပြီ။

ဘာကိုမှမမှတ်မိတဲ့ကိုယ့်ကိုယ်ကိုအားမလိုမရဖြစ်မိသည်။ ကိုယ့်မိသားစု၀င်တွေဟု ဗိုက်ပူလေးမိတ်ဆတ်ပေးတော့ စိတ်ထဲပျော်တယ် ဒါပေမယ့်ဇိုက်မှတ်ညဏ်တွေထဲမှ ပြန်ဖော်မရတာဆိုးသည်။ ကိုယ့်ကိုဖက်ပြီးငိုတဲ့ဇိုက်မေမေဆိုတဲ့အမျိုးသမီးကိုကြည့်ပြီး ဇိုက်ကိုယ်တိုင်မျက်ရည်ကျခဲ့ရပါသည်။ နိုနိုးပြောတဲ့ ဖိုး၊ ဖေကြီး၊ ​ဖေမြမောင်၊ ဖေချစ် မေမြတ်ဒါတွေဇိုက်နဲ့အရမ်းအကျွမ်းတ၀င်ရှိသည် မမှတ်မိတာတစ်ခုပဲ အကုန်လုံးကိုဇိုက်လက်ခံနိုင်သည်။ အကုန်လုံးကလည်းမျက်ရည်ကိုယ်စီနဲ့ဇိုက်ကို ကြိိုဆိုကြ၏။

   ဇိုက်ဆေးရုံမှာတုန်းကဆို မျိုးစေမောင်ရဲ့ မောင့်မှာငါတစ်ယောက်ပဲရှိတယ်ဆိုသည့်စကားကြောင့် ဘယ်လောက်စိတ်ညစ်အထီးကျန်အားငယ်ခဲ့ရလဲ ဇိုက်ကိုယ်ဇိုက်အသိဆုံး။

"ငါသူ့ကိုသိတယ် "

"ဟင်"

"မင်းပြတဲ့လူက ငါတို့တက္ကသိုလ်တက်တုန်းက မင်းကိုလိုက်ကြောင်နေတဲ့ကောင်"

"အင်း"

မထူးဆန်းသလိုပုံစံမျိုးနဲ့ဇိုက်က လုံး၀မအံ့သြဘူးလား။ ဒါမှမဟုတ် သိနှင့်နေပြီးသားကို အဲ့လူပေါ်စိတ်ယိုင်သွားတာများလား။ နိုနိုးအသက်ရှုကြပ်ပါသည်။ ကိုယ့်လူအဖြစ်တံဆိပ်ခတ်ပြီးသားခဲ့တာတောင်မှပဲ ကံတရားရယ်~

"ဒါနဲ့ မင်းဘယ်ချိန်ပြန်မှာလဲ"

"နောက်တစ်နာရီလောက်နေဦးမယ်"

    ဇိုက်ပြောတော့ ဗိုက်ပူလေးကခေါင်းငြိမ့်ပြန်သည်။ ပုတ်သင်ညိုလေးတိုင်းပဲဘာပြောပြောခေါင်းလေးပဲငြိမ့်နေတာ။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now