ep (15)

1.4K 107 14
                                    


ပွဲဆိုတာ တခြာတော့မဟုတ် နတ်ပွဲပင်။

ဆောင်းတွင်းကာလမှာ နတ်ပွဲများပြုလုပ်ကြသည်။ ဒါကနိုနိုးတို့ဝေါမြို့မှာလည်းတူတူပင်။ ညဈေးလိုဖြစ်နေတာမို့ စားစရာသောက်စရာတွေက အစုံအလင်။ နိုနိုးတို့၀ယ်မည့် ပစ္စည်းဘာညာသာရကာတွေလည်းရှိသည်။ (5)ရာဖိုး သုံးချောင်းရတဲ့မြားလေးတွေ၀ယ်ပြီး (3)ခါပြစ်၊(3)ခါလုံးထိရင် လိုချင်ပစ္စည်းယူဆိုတဲ့နေရာမှာ နိုနိုးတို့အလိုရှိတဲ့ ခြင်း၊ဇကာအစရှိသည့်ပစ္စည်းများက လောဘတက်ချင်စရာ။


~ဒီနေရာမှာ အရင်ကတွေ့နေကြပါ~~မမြင်တာကြာပြီ..အရင်နှစ်များစွာပါ..ခြေသံတစုံတစ်ရာရယ် မကြားမိပါလား~~အိမ်မက်ဟောင်းလေးကနိုးခွင့်ပြုပါ~~~~~

~အိုး အိုး~~မြေနီလမ်းက~အိုး..အိုး အမြဲစောင့်နေတာ~~အိုး~~အိုး~~ခြေသံလေးများ...ပြန်ကြား.....အဝေးက~

လယ်ကွင်းရဲ့အလယ်မှာ ပွဲခင်းခင်းထားသည်။ ဘေးပတ်လည်မှာ အရောင်းဆိုင်များခင်းထားသည်မို့ နိုနိုးတို့ပွဲဈေးလှည့်တော့ နတ်ပွဲမှာဆိုနေတဲ့အဆိုရှင်၏အသံကိုအတိုင်းသားကြားနေရသည်။ နိုနိုးဆိုတာလည်း သီချင်းသံကြားရင်စိတ်ကမနေနိုင် ပြေးကြည့်ချင်တာတအားပဲ။

"ဇိုက်..ဇိုက် ငါပွဲကြည့်ချင်တယ်"


ပခုံးပေါ်တင်ထားတဲ့ ဇိုက်လက်ကိုပါးပေါ်အပ်ပြီး ချွဲချွဲလေးပြောမိသည်။ ဇိုက်ကမသွားနဲ့လို့ပြောရင် ဘယ်လိုလုပ်မလဲ။ နိုနိုးကမာယာအကုန်ထုတ်သုံးမှအဆင်ပြေမည်။ အရည်ပျော်စမ်း ဇိုက်!


"မုန့်အရင်စားမယ်လေ..ပစ္စည်းတွေလည်း၀ယ်ရဦးမယ်။ ပြီးမှအေးဆေးကြည့်မယ်နော် "

"ဟွန့်!"


သွား! လူဆိုးကောင်။အရည်လည်းမပျော်ဘူး။

"ချစ်ချစ် ဟိုမှာအရုပ်တွေ၊ မြားသွားပြစ်ရအောင်"


ဘုတ်ဆုံလက်ညိုးထိုးပြတဲ့နေရာကို နိိုနိုးလှမ်းကြည့်လိုက်တော့ တကယ်နိိုနိုးကြိုက်တဲ့ ၀က်ဝံရုပ်အကြီးကြီးတွေ။



"ဇိုက် လ်ိုချင်တယ်"


အနွေးထည်အရှည်ကြီးထဲမှာ မြုပ်နေတဲ့နိုနိုးက ဇိုက်လက်မောင်းကိုကိုင်ပြီး ခုန်ခွခုန်ခွနဲ့ပူဆာသည်။ ဇိုက်မှာလည်း နိုနိုးကိုအသည်းယားလို့ သေရမယ်ဆိုထွက်စရာအသက်တောင်ရှိတော့မှာမဟုတ်။ခေါင်းလေးတခါခါနဲ့ ဂျီကျနေတာကြောင့် မာဖလာလေးကလေထဲမှာလွင့်ကနဲ လွင့်ကနဲ။



ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now