ep (23)

1.2K 108 59
                                    

ကြည်ကြည်နူးနူးချစ်ရည်လူးပြီးတဲ့မနက်မှာ နိုနိုးရောဇိုက်ရော မျက်နှာချင်းမဆိုင်ဖြစ်ကြ။ မနက်ခင်း နိုနိုးခန္ဓာကိုယ်ကို သန့်ရှင်းဖို့တောင်နိုနိုးဘာသာထပြီး လုပ်ရသည်။ ဒါဇိုက်အမှားတော့မဟုတ် ဇိုက်မသိသေးတဲ့အရာမို့ နိုနိုးနားလည်ပေးလို့ရသည်။

သို့သော်အများကြီး မျက်နှာလွှဲ ခဲပြစ်နေတာမျိုးတော့မဟုတ်ချေ။ နေ့လယ်နိုနိုးအိပ်ပျော်သလိုလို နိုးတစ်၀က်အိမ်မက်ဖြစ်နေချိန် နိုနိုးဖင်ကို ဆရာခိုတစ်ဗူးလုံး လာသိပ်ထည့်သွားသည်လေ။ အမြဲတမ်းနေ့တိုင်းမအိပ်ဖြစ်ပေမယ့် တခါတစ်လေ ဆိုင်မှာလူပါးတဲ့အချိန်ဆို တစ်ရေးတစ်မောအိပ်တက်တဲ့နိုနိုးကို လုံး၀အိပ်သွားပြီအထင်နဲ့ ဆရာခို တစ်ဗူးလုံးလိမ်းပေးသွားသည်။ တစ်ချိန်လုံးနိုနိုးမှာ နာတာတစ်မျိုးယားကျိကျိဖြစ်တာ တစ်မျိုးနဲ့အတော်အနေခက်လှသည်။

နေ့လယ်တစ်နာရီထိုးမို့ ၀မ်းပူပြီးတစ်ခုခုစားချင်လာသည်။ နိုနိုးစားချင်တာအခြားမဟုတ် ဇိုက်ထောင်းပေးတဲ့ ပဲသီးထောင်းချဥ်ငံစပ်လေး။ ဇိုက်ကိုကိုယ်တိုင်သွားပြောရမှာ မျက်နှာပူလေသည်မို့ ပထော်ကိုပဲခေါ်ပြောလိုက်တော့မည်။

"ပထော်ရေ ဒီကိုခနလာဦး"

အိမ်ထဲကထွက်လာတဲ့ အသံသေးသေးလေးကြောင့် ဇိုက်ခါးလေးမတ်ပြီးသတိအနေအထားဖြစ်သွားသည်။ ခေါ်တဲ့လူကခေါ်ပေမယ့် နှစ်ခြံကျော်ကအိမ်ကို ပင်လယ်စာထောင်းသွားပို့နေတဲ့ပထော်က ကြားမှာမဟုတ်။ ဘယ်လိုလုပ်ရမလဲ ဇိုက်ပဲ၀င်သွားလိုက်ရမလား၊ ဟုတ်တယ် ဇိုက်ပဲ၀င်သွားလိုက်တော့မည်။ ပုဆိုးကိုသေချာဖြန့်၀တ်ပြီး အိမ်ထဲ၀င်ဖို့အလှည့်

မဟုတ်သေးပါဘူးလေ။ အချစ်စိတ်တက်နေတုန်းက ရူးရူးမိုက်မိုက်ပြောထားသမျှဆိုထားသမျှက နိုနိုးမျက်နှာကြီးမြင်ရင်နားထဲပြန်၀င်လာသည်။ ဘယ်လိုပဲလင်မယားတွေဆိုဆို ငယ်ငယ်လေးထဲကတစ်ဖင်ထဲမထွက်ရုံတမယ်ကြီးပြင်းလာကြသူတွေ၊ သူငယ်ချင်းအရင်းကြီးကနေ လင်မယားဘ၀ရောက်သွားတာဆိုတော့ ဒီလိုအခြေနေတွေဖြစ်ပြီး ချက်ချင်းဇိုက်မျက်နှာချင်းမဆိုင်ရဲသေး အတော်မျက်နှာပူသည်။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now