ep (33) zg

285 20 1
                                    

တနင်္လာနေ့မနက်(5)နာရီ*

    ဆေးရုံအတွင်းအသားကုန်အော်ဟစ်နေတဲ့ကောင်လေးက ကလေးမွေးဖို့တာဆူနေပြီ။ ဆရာဝန်တွေကလည်း ရုတ်ရုတ်သဲသဲနဲ့ မိသားစုနှစ်ခုဟာဆိုရင်လည်းခြေမကိုင်မိလက်မကိုင်မိ။ ကလေးမွေးရမဲ့မွေးမိခင်လို့မဆိုသာတဲ့မွေးဖခင်လေးဟာ သတိမလစ်ခင်လေးမှာ အားပေးမဲ့လက်တစ်စုံကိုမျှော်နေပါသည်။ သို့သော်လည်းအကြောင်းကြောင်းကြောင့်သတိမလစ်ခင်လေးမှမတွေ့လိုက်ရတော့ မွေးဖခင်လေးဟာ တော်တော်ကိုစိတ်ထိခိုက်သွားခဲ့ပြီ။

ဇိုက်! မင်းမလာဘူး။

အူဝဲ~ အူဝဲ~

    တစ်နေ့တာလုံးကြိုးစားပေးခဲ့တဲ့သူက သားလေးရဲ့ငိုသံတစ်ချက်မှာ မျက်ရည်တစ်ပေါက်ကျခဲ့သည်။သို့သော် နိုးထသတိရလာခြင်းတော့မရှိခဲ့ပါဘူး။ လုံးဝဖွင့်လို့မရတဲ့မျက်လုံးတွေနဲ့အတူ အသိစိတ်တွေဟာလည်းအမှောင်ကျလို့နေခဲ့ပြီ။ ဆုံးရှုံးသွားတဲ့သွေးတွေအစားထည့်ဖို့ သူ့ရဲ့သက်ဆိုင်သူရောက်လာမှန်းတောင်မသိခဲ့ပဲ ၀မ်းနည်းစိတ်တွေနဲ့သတိမလည်လာသူကတော့ အားလျော့စွာပဲ။

ပြောခဲ့တယ်မလား ဒီကလေးမွေးပြီးတဲ့ထိပဲလို့။ တကယ်ကတိတည်ပါသည် အခြေအနေအရပ်ရပ်ကိုတောင် မျက်လုံးလေးဖွင့်ထမကြည့်ဘဲ အရာရာသူ့တာဝန်ပြီးသလိုအိပ်သွားခဲ့တာ။ ခံပြင်းမှုတွေ ယူကြုံးမရဖြစ်မှုတွေနဲ့ကျန်နေသူကတော့ အလဲလဲအပြိုပြိုပါပဲ။

"သားဇိုက် ထမင်းလာစား"

"မစားချင်ဘူး မေမြတ်"

ဇိုက်အသံကနွမ်းလျနေသည်။ နေ့နေ့ညညမအိပ်ဘဲ လက်ဖောင်းဖောင်းလေးကိုကိုင်ပြီးထိုင်နေတတ်တာ အတိအကျဆို(3)ရက် နိုနိုးပြန်မနိုးလာခင်ကတည်းကပဲ။

"မေမြတ်ကလာစားလို့ပြောနေတယ်လေ"

   မေမြတ်အသံကမာန်ပါ၏။ ဇိုက်ထပ်ပြီးလွန်ဆန်လို့မရမှန်းသိတာမလို့ ထပြီးမေမြတ်နားသွားကာ ထမင်းပန်းကန်တစ်ခုကိုကောက်ယူလိုက်သည်။ ဟင်းထည့်စားဖို့တောင်သတိမရနိုင်တော့တဲ့ထိ ဇိုက်ကဆေးရုံပေါ်ကလူကိုပဲတစိမ့်စိမ့်ကြည့်ပြီးထမင်းတွေ ပါးစပ်ထဲသွပ်နေခဲ့တာ။ မေမြတ်ကတော့စိတ်လေတယ်ဆိုတဲ့ သက်ပြင်းချသံကြီးနဲ့အတူ ဆိတ်သားတစ်ဖဲ့ဇိုက်ပန်းကန်ထဲလာထည့်ပေးပါသည်။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now