ep (11)

1.5K 155 19
                                    

ဒီမနက်ဆောင်းကအေးသည်၊ နိိုနိုးနှလုံးသားကနွေးသည်။ ငယ်ငယ်ထဲက ဒီလိုနှစ်လကြာအောင်တခါမှမခွဲဘူးတာမို့ ပြန်တွေ့မယ့်အချိန်တွက်ရင်တွေခုန်တာတအားပဲ။

ဇိုက်နဲ့ပြန်တွေ့ရင် ဇိုက်ကိုပြေးဖက်မယ် ဇိုက်ကနိုနိုးခန္ဓာကိုယ်ကိုလေထဲမှာမွှေ့ရမ်း အမလေးတအား ရိုမန့်တစ်ဖြစ်တာပဲ။ ကျောင်းရှေ့က၀င်ပေါက်မှာထိုင်နေရင်း လက်ကိုတတိတိနဲ့ကိုက်မိသည်။ အတွေးထဲကြည်နူးနေတာ တဟိဟိရယ်သံလေးတွေကသက်သေ။

"နိုနို!"

အယ်ဇိုက် နွားလှည်းနဲ့ထော်လာဂျီပဲမောင်းတက်တယ်ထင်နေတာကားလည်းမောင်းတက်တာပဲ။ အဖြူရောင်light truckကားရဲ့အနောက်မှာအထုပ်တွေမှအများကြီး။ ကားပေါ်ကဆင်းပြီးနိုနိုးဘက်သို့ကူးလာတာမို့ ဇိုက်ကပြေးဖက်ဖို့ပြေးသွားလိုက်သည်။

"ဟ! ဇိုက်"

ပြေးဖက်ဖို့ကားလမ်းကူးမယ်ပဲရှိသေးတယ် နိုနိုးဘက်ခြမ်းသို့အရင်ရောက်လာတဲ့ဇိုက်က လက်ကိုအတင်းဆွဲပြီး ကားလမ်းတစ်ဖက်သိုအလျင်အမြန်ကူးသည်။ လုံချည်ကိုတိုတိုတုပ်တုပ်၀တ်ပြီး shirtခပ်နွမ်းနွမ်းနဲ့ဇိုက်က တကယ့်တောသားကြီးအတိုင်း။ နိုနိုးလက်ကိုဆွဲပြီး ကားတွေဆီအာရုံစိုက်နေတဲ့လူက မသိတဲ့လူဆိုနိုနိုးအဖေလို့ထင်နေရော့မည်။


"ဇိုက်ဘယ်သွားဖို့လဲ"

နိုနိုးကို ကားပေါ်သို့အတင်းထိုးထည့်ပြီး ကားမောင်းနေတဲ့လူကတကယ်အလျင်လိုနေတဲ့ဟန်မို့ အစကဘာမှမမေးမိပေမယ့် မောင်းလာတဲ့ကားကရန်ကုန်ကျော်နေပြီ။ အချိန်ကလည်းမနက်၈နာရီထဲကနေ အခု၁၀နာရီကျော်ထိ။

"ငါမင်းကိုခိုးပြေးလာတာ"

"အော်"

သူကခိုးပြေးလာတာဆိုတော့ နိုနိုးစိတ်အေးသွားသည်။ ဇိုက်ကအေးအေးလူလူကားမောင်းနေတာမို့ နိုနိုးလည်းကားပြတင်းပေါ်မှီ၍အိပ်မယ်ခေါင်းအလှည့်

ဟင်! ခိုး~ခိုးပြေးလာတာ။ မဟုတ်လောက်ပါဘူး နိုနိုးနားကြားမှားတာဖြစ်မယ်။

"ဇိုက် ခုနကဘာပြောလိုက်တာငါမကြားလိုက်လို့"

နားထဲလက်ကိုထိုးမွှေ၍ မသိနားမလည်သလိုမျိုးမေးနေတဲ့နိုနိုးကြောင့် လူယုတ်မာဆန်ဆန်အပြုံးကဇိုက်မျက်နှာထက်၀ယ်နေရာယူသည်။။
ငါ့နိုနိုးက တအားနားလေးတာပဲ။ ကားကိုဟိုင်းဝေးလမ်းမဘေးရပ်၍ နိုနိုးမျက်နှာကိုဇိုက်ဆွဲယူလိုက်သည်။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now