ep (4)

1.9K 211 8
                                    


ဒေါက်! ဒေါက်!

"နိုနိုးရေ စက်လှေမမှီဘဲနေမယ် မြန်မြန်လုပ်လေ"

"ဟုတ် မာမီ!မားသား!မားမား!မေမေ!"

တံခါးကိုခေါက်ပြီးမေမေသတိပေးလာသည်မို့။ ခရီးသွားရန်ပြင်ဆင်နေတုန်း အခန်းရှေ့ကမေ့ကို အသံပေးလိုက်ရသည်။

"နောက်တောက်တောက် ပြောင်တောင်တောင်နဲ့လုပ်မနေနဲ့။ မေမေပေးလိုက်တဲ့၅သောင်းကိုအသီးတွေခွဲ၀ယ်သွားနော်၊ တစ်အိမ်နှစ်သောင်းခွဲဖိုးစီ"

"ဟုတ်ကဲ့ပါမေမေရ၊ နိုနိုးကိုစိတ်ချပါ"

"အဲ့နိုနိုးကိုပဲစိတ်မချတာနော်၊ နိုနိုးတွက်(၃)သောင်းမုန့်ဖိုးထည့်ပေးလိုက်ပြီးပြီ၊ စက်လှေခလည်းမေမေရှင်းပြီသား ဖေကြီးတို့ကို(၅)သောင်းဖိုးအပြည့်၀ယ်ပေးသွား "

"မေမေတို့ကလည်းနော် နိုနိုးကိုဆိုအထင်သေးလိုက်တာ"

နိုနိုးအခန်းထဲကနေ အင်္ကျီအသစ်တွေဝတ်နေရင်းမေမေ့ကိုပြောလိုက်မိသည်။ နိုနိုးကတစ်ယောက်ထဲလည်းရွာကိုသွားရတယ်၊ မုန့်တွေလည်းတစ်ဈေးလုံးပတ်ပြီး၀ယ်ရတယ်၊ အကုန်နိုနိုးလက်နိုနိုးခြေပဲလုပ်ရတယ် ဒါပေမယ့်မေမေဆိုတာနိုနိုးကိုဘယ်တော့မှအကောင်းမပြော။ တစ်ခါလေးဘတ်မိတဲ့၅ထောင်ကြောင့် ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်နေသည်။

အခုနိုနိုးက(၈)တန်းကျောင်းသားကြီးဖြစ်နေပြီဖြစ်သည်။ ဖွံ့ဖွံ့ထွားထွားခန္ဓာကိုယ်နဲ့ရှည်လျားတဲ့အရပ်အမောင်းကြီးကြောင့် ရွာကိုကျောင်းပိတ်ရက်(၃)လသွားနေရန် မေမေတို့ကတစ်ယောက်ထဲလွှတ်သည်။ ဟိုရောက်ရင်ဇိုက်မနာလိုဖြစ်အောင် ဖေချစ်၀ယ်ပေးထားတဲ့ angry bird T-Shirtအနီရောင်လေးရယ် ဘောင်းဘီဖင်ကျပ်အမည်းရယ်ကို အသဲအသန်စွတ်နေရသည်။ ဖင်ကအနည်းငယ်ကြီးနေတာမို့ ကျပ်သိပ်နေတဲ့ဘောင်းဘီကအပေါ်ထိမရောက်ဘဲဖင်မှာတစ်နေသည်။

"အီးယား.....အိုး! ရပြီ"

တစ်နေတဲ့ဘောင်းဘီက အပေါ်ကိုရောက်သွားပြီ။ ဘောင်းဘီကခန္ဓာကိုယ်နဲ့အတိဖြစ်နေတာမို့ အနည်းငယ်ထွားတဲ့ နိုနိုးဖင်နှောက်ယှက်ခြင်းကြောင့် ကြန့်ကြာနေတာဖြစ်သည်။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now