ep (20)

1.1K 94 27
                                    

~လုပ်ပါမင်း~ ငါ့အပေါ်ရက်စက်တာတွေ တစ်ဆုံးလှည့်စားခဲ့တာတွေ~

~နောက်ဆုံးနေ့များစွာထိ~

တင်!

"အိပ်တော့ဖို့လား နိုနိုး"

ဇိုက်ထမင်းစားပြီးအိပ်ယာပေါ်လှဲနေတုန်း အိမ်သာသွားပြီးပြန်လာတဲ့နိုနိုးက သီချင်းဖွင့်ထားတဲ့ Bluetoothကိုပိတ်လိုက်တာမို့ ဇိုက်မေးလိုက်ရခြင်းဖြစ်သည်။ ၇နာရီခွဲလောက်ကနိုနိုးအိပ်နေကျအချိန်မဟုတ်သလို သူအိပ်မှ ခပ်တိုးတိုးသာဖွင့်တက်တဲ့ bluetoothကိုပိတ်တက်တဲ့အကျင့်လေး နိုနိုးမှာရှိသည်။

"မဟုတ်ပါဘူး ငါဇိုက်ကိုမေးစရာရှိလို့"

"မေးလေ ဘာမေးမလို့လဲ"

အိပ်ယာပေါ်တက်လာတဲ့ နိုနိုးကိုနေရာဖယ်ပေးပြီး ခြင်ထောင်လေးကိုချလိုက်သည်။

"ငါလေ အဲ့ဟာကိုပါးစပ်ကပြောဖို့ရှက်တယ်ကွာ အမူအရာနဲ့ပဲပြမယ်၊ မင်းလိုက်ကြည့်နော်"

အင် နိုနိုးတစ်ယောက်ဘာတွေဖြစ်နေတာလဲ။ အထူးအဆန်း။

"သေချာကြည့်နော်"

"အင်း အင်း"

ခေါင်းငြိမ့်နေတဲ့ဇိုက်ကို နိုနိုးအမူအရာပြရမှာလည်းရှက်ပေမယ့် ဘယ်လိုလုပ်မလဲနိုနိုးအရမ်းပြောချင်နေတာ။

"ဒီ~ ဒီဟာလေ"

"ရာ့! နိုး! မင်းညစ်ညစ်ပတ်ပတ်တွေ"

"မ~ မဟုတ်ပါဘူးဇိုက်ရာ၊ ငါပြောတာကလေငါတို့ကလင်~လင်မယား အဲ မဟုတ်ဘူး လင်ယောကျ်ားတွေမလား။ ငါတို့လုပ်ဖို့လိုအပ်တယ်မလားဟင်"

အတုန်တုန်အရီရီ​ဖြစ်နေတဲ့နိုနိုးထက် ဇိုက်ကပိုပြီးတုန်ရီနေသည်။ နိုနိုးကအဲ့ဟာဖြစ်ချင်တာလား။ ဒါဆိုနိုနိုးကဇိုက်ပေါ်ဖြူဖြူစင်စင်ချစ်တာမဟုတ်ဘူးပေါ့။ နိုနိုးပြတဲ့အမူအရာကိုကြည့်ရုံနဲ့ဘာကိုပြောမှန်း ဇိုက်နားလည်သည်။ ဘယ်ဘက်လက်ညိုးနဲ့လက်မကိုအကွင်းလေးလုပ်ပြီး ညာဘက်လက်ညိုးနဲ့ထိုအပေါက်ထဲထည့်တာက ဇိုက်တို့ကျောင်းမှာ ညစ်ညစ်ပတ်ပတ်စနေကြအမူအရာ။ နိုနိုးလည်းထိုစတဲ့လူတွေထဲအပါအ၀င်ဖြစ်တာကြောင့် ထိုအမူအရာရဲ့သဘောကိုနားမလည်တာတော့မဖြစ်တန်ရာ။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now