ep (9) z/u

1.6K 146 24
                                    

စောစောထရတဲ့မနက်ခင်းကတကယ်လန်းဆန်းသည်။ မနက်(5)ရီထဲကနိုနိုးအိပ်ယာမှထ၍ မနက်စာပြင်ပြီးရေပါချိုးချလိုက်သည်။ တစ်ကိုယ်လုံးမွှေးကြိုင်လန်းဆန်းကာယုံကြည်မှုတို့အပြည့်။

"နိုနိုးဘာလုပ်ထားလဲ..ဗိုက်ဆာတယ်"

ဘောင်းဘီအဖြူမည်းကွက်အပွကြီးနဲ့ ဂျာစီအင်္ကျီအမည်းကို၀တ်ထားတဲ့ဇိုက်က မျက်နှာသစ်ပြီး ထမင်းစားခန်းထဲ၀င်လာတာမို့ ထမင်းနဲ့ပဲပြုတ်နယ်ထားတဲ့ပန်းကန်ကိုဇိုက်ရှေ့ချပေးလိုက်သည်။

"ဒီနေ့ဖွားပြန်လာမှာလား"

နိုနိုးနွားနို့တစ်ငုံသောက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် ဒါနဲ့ငါ့ဖုန်းတွေ့မိသေးလား"

ဟုတ်သားပဲ ဇိုက် နိုနိုးပြောမှသတိရသည်။ဒင်းကိုမေးစရာတွေအများကြီးရှိသေးတာပဲ။
စားလက်စပဲပြုတ်ထမင်းကိုခနချပြီး ပါးစပ်ကိုတစ်ရှုးနဲ့အရင်သုတ်လိုက်သည်။

"မြတ်နိုးလို့ခေါ်တဲ့ကောင်ကဘယ်သူလဲ နိုနိုး"

"ဘာကိုပြောတာလဲ"

နိုနိုး ဇိုက်ဘာပြောမှန်းနားမလည်။ မြတ်နိုးလို့ဘယ်သူကခေါ်လို့လဲ အူကြောင်ကြောင်နဲ့။

"မင်းကိုမြတ်နိုးလို့ခေါ်နဲ့လူကိုပြောတာလေ မင်းဖုန်းနံပါတ်အတိအကျနဲ့ မင်းနာမည်အတိအကျနဲ့ကိုဆက်လာတာ "

စားပွဲကိုတဘုန်းဘုန်းနဲ့ရိုက်၍ ဒေါသတကြီးပြောနေတဲ့ဇိုက်ကြောင့် ပါးစပ်မှာတေ့ထားတဲ့နွားနိုးခွက်ကိုချလိုက်ရသည်။

"ငါမသိဘူး! ငါမသိဘူးလို့! အားးးး!!!!"

"တိတ်စမ်းနိုနိုး!"

"မတိတ်ဘူး ငါတကယ်မသိဘူး ဘယ်ကမြတ်နိုးလို့ခေါ်တဲ့လူလဲ ၊ ငါအီးပါတဲ့တစ်ချိန်ပဲမင်းဘေးမှမရှိတာလေ။ ငါဘာလုပ်လို့ငါ့ကိုလာအော်နေတာလဲ အော်ချင်ရင်အဲ့မြတ်နိုးလို့ခေါ်တဲ့လူကိုအော်လေ!"

ဇိုက်တစ်ချက်တွေသွားသည်။ ဟုတ်သားနိုနိုးကဇိုက်နဲ့အမြဲတမ်းရှိနေတာလေ။

နှုတ်ခမ်းပေါ်တင်နေတဲ့နွားနို့တွေကိုတောင်မသုတ်ပဲ ဇိုက်ကိုတရှုးရှုးတရှားရှားကြည့်နေသူကြောင့် နည်းနည်းတော့လန့်သွားသည်။ မျက်ဆံကိုအပေါ်လှန်တင်ပြီးကြည့်နေတဲ့သူ၊ ဒီနာမည်အတိအကျနဲ့ဖုန်းနံပါတ်အတိအကျကို နိုနိုးမပေးရင်ဘယ်သူပေးမလဲ။ဇိုက်မသိခင်အိမ်သာထဲမှာများ...

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now