ep (14)

1.4K 117 18
                                    

"ဟား ဒီခြင်ဆံပင်ဖုတ်ဆွဲပြီး ပါးရိုက်လိုက်ရရင်တော့ မျက်ခွက်ကြီးစုတ်ပြတ်သတ်တော့မယ်"

"ဟဲ့ယင်ကောင်တွေ နင်တို့နားနားပြီးကိုက်လို့မရဘူးလား အစုတ်အပြတ်တွေရဲ့!"

"နောက်ပြီးကျမှကိုက်ပါ ပုရွက်ဆိတ်တွေရယ် ငါအလုပ်လုပ်ဦးမယ်ခနလေးပဲ။ ခနလေး..."

"ဇိုက် ​ဒါတွေဘယ်နားထားရမလဲ"

တစ်ယောက်ထဲ ကမ္ဘာတွေပျက်နေတဲ့နိုနိုးကြောင့် ဇိုက်တနေကုန်ပါးစပ်စိမနေရ။ ပေါ်တင်ရီလို့မရတာ​မို့ ခိုးခိုးပြီးရီရင်းဗိုက်တွေပါအောင့်သည်။ ဒါတောင်ဇိုက်က ကာူပေါ်ကအထုပ်တွေအများကြီးထဲက တစ်ထုပ်ကိုပဲဖြည်ပြီး သိမ်းခိုင်းရသေးတာ။

"မီးဖိုချောင်ထဲမှာပဲသွားထားလိုက်နိိုနိုး..မနက်ဖြန် ဈေးသွားမှပဲ ​ကော်ကြောင်အိမ်အသေးလေးတစ်ခု၀ယ်တော့မယ်"

နိုနိုး ဇိုက်ပြောတဲ့အတိုင်းလက်ထဲရှိတဲ့ ပန်းကန်တွေဇွန်းတွေကို မီးဖိုချောင်ထဲထားပြီးပြန်ထွက်လာတော့ အလုပ်လုပ်ရင်မြန်ဆန်တဲ့ဇိုက်က ခန်းဆီးလိုက်ကာတွေအကုန်တပ်ပြီးနေပြီ။ ကိုယ့်သက်ဆိုင်သူကိုငမ်းတာအပြစ်မရှိဘူးမလား။ နိုနိုးဇိုက်ကို မျက်တောင်မခတ်ဘဲသေချာကြည့်မိသည်။

မောလို့ထင်သည် နိုနိုးချပေးထားတဲ့ ရေခွက်လေးထဲကရေကို တဂွက်ဂွက်နဲ့မြည်အောင်သောက်တဲ့လူ။ နိုနိုးကပဲ ချစ်တဲ့မျက်စိနဲ့ကြည့်လို့လားမသိ ဇိုက်ကအင်္ကျီအနွမ်းလေးနဲ့ ပုဆိုးအဟောင်းလေးကိုသာ၀တ်ထားတာတောင်မှ တကယ်smartဖြစ်လွန်းသည်။

အသက်၁၈နှစ်ကဒီလောက်ကြီးထွားပြီး ခန့်စရာလိုလို့လားလေ။ နိုနိုးလည်း၁၈ပါပဲ အမှန်ဆိုသူ့ထက်တောင်၂လလောက်ကြီးသေးသည်။ ဒါတောင်မှ နိုနိုးနဲ့သူနဲ့ယှဥ်သွားရင် အဖေနဲ့သားလိုမျိုးပုံစံဖြစ်နေတာ။ ဒီကောင်ဘာတွေစားလို့ ဒီလောက်အရပ်ကြီးရှည်ပြီးထွားနေရတာလဲ။

"နိုနိုး ခနနားပြီးရေချိုးတော့။ ဈေးသွားရဦးမယ်"

"အင်း ငါအိမ်ရှေ့လေးကို သန့်ရှင်းရေးလုပ်လိုက်ဦးမယ်နော်"

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now