"မောင်"
"ဟင် ဘာလဲနိုနိုး"
"နိုနိုးတို့မြန်မာပြည်ပြန်ရင် မောင်ကနိုနိုးနဲ့ပဲလိုက်နေနော်"
သူ့အရှေ့မှာချွဲနွဲ့ပြီးပြောနေတဲ့နိုနိုးကိုကြည့်ပြီး ဇိုက်ရယ်ချင်လာသည်။ ဒီကောင်လေးဇိုက်ကိုခနခနဒီလိုချွဲပြီးပြောပေမယ့် ပြောလိုက်တိုင်းဇိုက်လက်မခံချင်စရာတွေကြီး။ အခုလည်းဇိုက်ဘာအကြောင်းပြပြီးငြင်းရမလဲတွေးနေမိသည်။
"နိုနိုးနဲ့ငါနဲ့ကလက်မထပ်ရသေးဘူးလေ ဘယ်လိုပဲယောက်ျားလေးချင်းဆိုဆို အများအမြင်မသင့်ဘူးလို့ငါထင်တယ် ငါတို့အချိန်နည်းနည်းယူကြတာပေါ့"
"အင်းပါ အင်းပါမောင်ရဲ့ ဒီမှာမောင့်အတွက်ခရုဆန်ပြုတ်လေးဝယ်လာတယ် လာစားမောင်"
ခရုဆန်ပြုတ်! ဇိုက်စိတ်ထဲခရုဆန်ပြုတ်ကဇိုက်နဲ့မတည့်ဘူးလားလို့လေ။ ဒါပေမယ့်သေချာတော့မမှတ်မိပါဘူး နိုနိုးကတကူးတက၀ယ်လာတာဆိုတော့လည်းစားပေးရမှာပေါ့။
"ထားခဲ့လေ ငါဒီစာလေးဖတ်ပြီးစားလိုက်မယ်"
ဇိုက်ပြောတော့နိုနိုးကနှုတ်ခမ်းလေးဆူပြီး
"မောင်နော် နိုနိုးလာတိုင်းနိုနိုးကိုမကြည့်ဘဲအဲ့စာတွေဘဲကုန်းဖတ်နေတာ ကိုယ့်ကိုယ်ကိုယ်နေမကောင်းဖြစ်နေတယ်ဆိုတာရောသတိရရဲ့လား ဟင်!"
အရှေ့ကဇိုက်ကိုဆူနေတဲ့ကောင်လေးက ဟုတ်ပါတယ် ဇိုက်ရဲ့နိုနိုးပါ။ ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်ခဲ့လဲမမှတ်မိတော့ပေမယ့် ဇိုက်ဆေးရုံတစ်ခုမှာနိုးထလာတော့ ပထမဆုံးမှတ်မိတာ နိုနိုးဆိုတဲ့နာမည်လေး။ နှစ်ရက်လောက် ဇိုက်နိုနိုးကိုလိုက်ရှာခဲ့သည်။ လူကမထနိုင်တော့ဟိုလူ့မေးဒီလူ့မေးပေါ့။ ၃ရက်မြောက်နေ့မှာ သူဟာနိုနိုးပါဆိုပြီးဒီကောင်လေးရောက်လာခဲ့တာ။ ကိုယ်လည်းနိုနိုးဆိုတဲ့နာမည်လေးကလွဲပြီး ကျန်တာဘာမှမမှတ်မိတဲ့အပြင် ဒီကောင်လေးကဇိုက်ကိုကယ်ခဲ့တာပါတဲ့လေ။ အဲ့တော့မှဇိုက်ယုံလိုက်ရသည်။
ဒါပေမယ့် စိမ်းသက်တဲ့မျက်နှာရယ် အဲ့ဒီမောင်လို့ခေါ်တဲ့အသုံးနှုန်း တကယ်ဇိုက်မရင်းနှီးပါဘူး။ ပြီးတော့နိုနိုးဆိုတာဇိုက်ထင်တာ ဇိုက်ရဲ့ချစ်သူဒါမှမဟုတ်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာထားထားတဲ့လူလို့လေ၊ အခုတော့ဇိုက်လွဲသွားပြီနဲ့တူပါတယ်။ အရှေ့ကကောင်လေးကိုဇိုက်လုံးဝမချစ်ဘူး ပြီးတော့သူနဲ့ရင်းနှီးဖို့ဇိုက်မကြိုးစားမိဘူး။ သူကိုယ့်ပါးကိုလာလာနမ်းရင်တောင် ဇိုက်တစ်ခုခုကိုအပြစ်ရှိသလိုခံစားရသည်။
YOU ARE READING
ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)
Romanceမေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit Myat Noe (Noe Noe) မေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit My...