"သားလေး ဆန်ပြုတ်လေးနည်းနည်းတော့သောက်ပါသားရယ် နော်~"
နိုနိုး မေသွယ့်ကိုအားနာပေမယ့် နိုနိုးကခုချိန်ဘယ်လိုစားလို့ဝင်မှာလဲ။ ဇိုက်ကဘယ်မှာလယ်လိုဒုက္ခတွေခံနေရမှန်မသိ ဘယ်လိုအခက်အခဲတွေကြုံနေရမှန်းမသိတဲ့အချိန်မှာ နိုနိုးလည်းဘာမှမစားနိုင်ပါဘူး။
၅ရက်ရှိပြီ၊ ဇိုက်ပျောက်တာဒီနေ့နဲ့ဆို ၅ရက်တောင်ရှိနေပြီ။ မေသွယ်နဲ့မေမေပြောတော့ ရှာနေတယ်တဲ့၊ နိုနိုးတော့မယုံပါဘူး ရှာလည်းတာဝန်အရပဲရှာကြမှာ သူတို့နိုနိုးလူကိုသေချာရှာမှာမဟုတ်ဘူး။ နိုနိုးလူကနိုနိုးရှာမှပဲတွေ့မှာ။ သူက~ သူကနိုနိုးခေါ်မှထွက်လာမှာ။
"မေသွယ်သားကိုချစ်လားဟင်"
"ဘယ်လိုပြောလိုက်တာလဲသားရယ် နိုနိုးကိုမေသွယ် မေသွယ့်သားနည်းတူချစ်ပါတယ် အခုလိုမေသွယ့်မြေးလေးကိုလွယ်ပေးထားရတော့ ပိုပြီးတောင်အချစ်ပိုရတာ နိုနိုးလေးယုံပါနော်"
သွယ်သွယ်ခင့်ဆိုတဲ့ကျွန်မက ချစ်ချစ်မြတ်နိုးဆိုတဲ့ကလေးလေးကို ကိုယ့်သားဇိုက်ထက်မပိုရင်နေမယ် ဘယ်တော့မှအချစ်တွေမလျော့ခဲ့ပါဘူး။ ငယ်ငယ်ထဲကအနေအေးလွန်းတဲ့ဇိုက်ထက် နိုနိုးလေးနဲ့ပဲပိုထိတွေ့၊ ပိုလက်ပွန်းတတီးနေခဲ့ရတာ သွယ်ဒီကလေးကိုမချစ်ပဲနေပါ့မလား။ အခုမြေးလေးကိုလွယ်ထားဆိုတာသိတော့ သွယ့်မှာကိုယ့်သားဂရုစိုက်သလို လိုက်ပြီးဂရုစိုက်ပေးရသည်။
ကိုမြမောင်ပြောသလို နင့်သားပြန်လာမှာမဟုတ်ဘူးဆိုတာ သွယ်မယုံပါဘူး။ ယုံလည်းမယုံပါရစေနဲ့။ တွေးရင်းသွယ်သွယ်ခင့်မျက်ရည်လည်လာရပြန်သည်။ ကိုယ်တောင်ဒီလောက်ဖြစ်နေမှတော့ နိုနိုးကို ကိုမြမောင်ပြောသလို မပြောပြရဲပါဘူး။ တော်ကြာစိတ်လိုက်မာမာနဲ့တစ်ခုခုလုပ်ပြစ်လိုက်ရင် သားပြန်လာတော့ဒီအမေဘယ်လိုမျက်နှာပြရမလဲ။
"မေသွယ်သားကိုချစ်တယ်ဆို သားကိုချောင်းချိုပြန်ပို့ပေးပါ၊ သားဇိုက်ကိုသွားရှာမယ်"
ဝမ်းနည်းငိုချင်လာတဲ့စိတ်ကိုတင်းပြီး သွယ် သားနိုနိုးကိုပြုံးပဲပြမိသည်။ အခုချိန်စကားဟရင်သေချာပေါက်ငိုမိတော့မှာ
YOU ARE READING
ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)
Romanceမေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit Myat Noe (Noe Noe) မေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit My...