ep (10)

1.5K 158 22
                                    

"ဘယ်လိုဖြစ်ရတာလဲကလေးရယ် မင်းအဖေဒီလိုတွေဆုံးဖြတ်အောင်သားဘာတွေလုပ်ခဲ့လဲ၊ မေမေ့ကိုပြော မေမေသားအဖေကိုကူပြောပေးမယ် "

မျက်ရည်တစမ်းစမ်းနဲ့မေမေ့​ကိုလည်း ဇိုက်အခုချိန်မှာ ဘာမှမပြောနိုင်တော့။ လူကမျက်ရည်မကျပေမယ့် ရင်ထဲမှာကမ္ဘာပြိုနေသည်။ အခုဇိုက်ဘာလုပ်ရမလဲ။ ဇိုက်မဆင်မချင်ပြုမိတဲ့ကိစ္စမှာ နိုနိုးကိုဖေချစ်ရိုက်နှက်နေမလားတွေးမိတော့အခုချက်ချင်း 'ဝေါ'ကိုသွားချင်လာသည်။

"သားဘာမှမဖြစ်ဖူးမေမေ ၊ သွားလည်းမသွားဘူး သားအမှားလုပ်ခဲ့မိတာမဟုတ်ဖူး သားချစ်တဲ့လူကိုသားနမ်းမိတာ"

"ဘာ! ဒါဆိုဒင်းကငါ့သားကိုချစ်သူနဲ့နမ်းတာတွေ့သွားလို့ဒီလိုနိုင်ငံခြားကိုလွှတ်တာပေါ့"

"ဟုတ်တယ်မေမေ သားကမနက်ဖြန်သဘင်ခါဆိုအသက်ပြည့်တော့မယ့်လူ၊ ရည်းစားထားပြီးနမ်းတာလောက်ကဒီလိုတခြားနိုင်ငံတွေပါလွှတ်ရလောက်တဲ့ထိဖြစ်သွားလား သားမှားလားမေမေ"

ဟုတ်တယ် ဇိုက်ကအသက်ပြည့်တော့မယ့်လူ ၊နှစ်လလောက်ပဲလိုတော့တာလေ။ နိုနိုးဆိုပြည့်ပြီးပြီ။ နမ်းတာလောက်ကဘာတွေများအပြစ်ရှိသွားလို့လဲ။ မသွားနိုင်ပါဘူး ဖေဖေ့အမျိုးတွေဆီ။ စင်္ကာပူမှာရှိတဲ့ ဖေဖေ့ရဲ့အမျိုးတွေဆီမှာနေပြီး အဲ့ကနေပဲဇိုက်ကိုကျောင်းဆက်တက်တဲ့ ဒါကမဖြစ်သင့်ဘူး။

"မမှားဘူးသား သားလေးသွားဖို့မေမေနှစ်လလောက်အချိန်ဆွဲထားမယ် သားအသက်ပြည့်တာနဲ့မှတ်ပုံတင်လုပ်ပြီးသားချစ်သူကိုခိုးပြေးမလားသား"

"တ~တကယ်ပြောတာလားမေမေ၊ ဟား သား၀မ်းသာလိုက်တာ"

ဇိုက်၀မ်းသာစွာ မေမေ့လက်ကိုဆုပ်ကိုင်ပြီးမေးမိသည်။ မေမေက ..မေမေကဇိုက်မတွေးမိတာကိုတွေးမိတဲ့ညဏ်ကြီးရှင်ကြီးပဲ။ ဟုတ်တာပေါ့ နိုနိုးကိုခေါ်ပြီးထွက်ပြေးမယ်။

"တကယ်ပြောတာသား ဒါနဲ့သားချစ်သူကနာမည်ဘယ်လိုခေါ်လဲဟင်။ ပြပါဦးမေမေ့ချွေးမလေးကို"

"အိမ်နာမည်ကနိုနိုးတဲ့မေမေ အပြင်နာမည်ကချစ်ချစ်တဲ့"

ဇိုက်ပြောလိုက်တော့ မေမေကတခုခုကိုစဥ်းစားသလိုပြုသည်။ ပြီးတော့ဇိုက်လက်ကိုဆုပ်ကိုင်လာသည်။ ၀မ်းသာအားရပြောလာတဲ့မေမေ့စကားကအားရစရာကြီး။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now