ep (28) zg

259 18 4
                                    

    ~အတူယှဉ်တွဲပြီး နေလိုက်ချင်တယ်
အစဉ်တို့မခွဲဘူး~
ရင်မှာချည်နှောင်ထားတဲ့ အချစ်စစ်က
သက်ဆုံးတိုင်ထိ
ကြင်နာသူ အတူခေါ်သွား~
ကိုယ်ရေမြေခြားရင်နေလို့မရ နောင်လာမဲ့နှစ်လတွေအသစ်သစ်တိုင်အောင်
အတူရှိရမှ~~~

အိုး~ ချစ်တဲ့သူလေး မင်းတစ်နယ်ဆီခွဲနိုင်မလား~~~

အိုး! လုံးဝ လုံးဝ လုံးဝ No~

ချစ်တဲ့သူလေး မင်းတစ်နယ်ဆီခွဲနိုင်မလား

သက်ဆုံးတိုင်ရှိနေမှ~

ချစ်တဲ့သူလေး မင်းတစ်နယ်ဆီခွဲနိုင်မလား~

  ညကန်က ညတိုင်းစည်ကားနေတာမလို့ နိုနိုးတို့ရောက်သွားတဲ့အချိန်မှာ ပွဲခင်းကြီးသဖွယ်ဖြစ်နေသည်။ စားသောက်ဆိုင်ကြီးတစ်ဆိုင်ကဖွင့်ထားတဲ့ သီချင်းသံသဲ့သဲ့လေးကိုလည်း စိတ်အပန်းပြေကြားနေရသေးသည်။

"ငါအာတာပူစီစားချင်တယ်"

"ချောင်းဆိုးမယ်"

တစ်ခွန်းပဲ တစ်ခွန်းထဲပါပဲ။ နိုနိုးအသံလေးဟာတိခနဲပိတ်လို့သွားခဲ့ပြီ။ ထက်ထွန့်တက်ပြီးပြောနေကြနိုနိုးက အိမ်မှာအပြင်စာတွေမစားဖို့ကတိအထပ်ထပ်ပေးလာတဲ့အပြင် လူကြားထဲရောက်နေတာမို့     ဇိုက်စကားကိုအပြည့်အ၀နားထောင်ရမည်။

"ဟိုမှာသွားထိုင်ရအောင်"

      ဇိုက်ပြတဲ့နေရာလေးကိုကြည့်တော့ ခုံတန်းလျားအတိုလေးတစ်ခုပါ။ အတွဲတွေတွက်ရည်ရွယ်ထားတာမဟုတ်ပေမယ့် အတွဲတွေသာထိုင်နေတဲ့ ခုံတန်းလျားတွေများစွာထဲကတစ်ခု။ ကားပေါ်ကဆင်းထဲက နိုနိုးပခုံးကိုဖက်ပြီး လမ်းလျှောက်လာတဲ့ဇိုက်က အခုလည်းနိုနိုးပခုံးပေါ်လက်တင်ပြီး ခုံဆီဉီးတည်နေပြန်ပါပြီ။

     တစ်ဖက်ကနိုနိုးပခုံးကိုဖက်၊ တစ်ဖက်စတော်ဘယ်ရီသီးနဲ့သံပုရာသီးမဆလာနည်းနည်းကိုထုပ်ပိုးထားတဲ့ ကော်ဗူးလေးကိုကိုင်လို့ဖြင့် စမတ်ကျကျလမ်းလျှောက်နေသူ   ဇိုက်ထံပျိုမဒီအချို့ရဲ့ မျက်ဝန်းများက ဝေ့ကာဝိုက်ကာအလည်လာနေသည်။ နိုနိုးကတော့ ထိုမျက်လုံးတွေရှေ့ကို ဒီလူကယောက်ျားတင်မကဘူး ကလေးပါရှိတယ်ဆိုတာသိအောင် ဗိုက်ပူပူလေးရှေ့ကော့ကော့ပြရတာအခါခါ။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now