ep (24) zg

389 24 3
                                    



ဒီး! ဒီး!

"ဟယ်လို"

"သား နိုနိုးလား မေ့သားနိုနိုးလား"

"မေ~မေမေ"

နိုနိုး ခြေတွေလက်တွေတုန်လာသည်။ မေမေ့ကိုလွမ်းနေတာ နိုနိုးရွာကိုရောမေမေ့ကိုရောဖေဖေ့ကိုပါတအားလွမ်းနေတာ။ မေမေကနိုနိုးကိုတစ်သက်လုံး ပစ်ထားတော့မယ်ထင်ထားတာ။

"မေမေ ဟင့်!"

မငိုဘူးဆုံးဖြတ်ထားပေမယ့်လည်း မေမေရဲ့'မေ့သား နိုနိုးလား'ဆိုတဲ့စကားမှာ နိုနိုးမငိုမိအောင်နေလိုမရတော့ပါဘူး၊ တိတ်တဆိတ်ကျတဲ့မျက်ရည်ပေါက်တွေကို ဇိုက်ကလက်မလေးနဲ့လာသုတ်ပေးသည်။

"သားလေး မေမေ့ဆီပြန်လာပါတော့သားလေးရယ် ၊ မေမေလွမ်းနေပြီ တစ်ယောက်ထဲရှိတဲ့မေ့သားလေးကိုမေလွမ်းနေပြီသားရယ်၊ မေမေကသားတို့ကိုလက်ခံပါမယ် မေမေအများကြီးနားမလည်သေးပေမယ့် သားရယ်ဇိုက်ရယ်ကလင်မယားတွေလိုနေချင်တာမလား၊ မေမေလက်ခံပေးမယ် မေ့ဆီပြန်လာပါတော့နိုနိုးရယ် "

အလောတကြီးပြောနေတဲ့ မေမေ့စကားသံတွေက နိုနိုးရင်ကိုဓားချွန်ချွန်နဲ့ထိုးနေသလိုပဲ။ နိုနိုး ဇိုက်နဲ့လိုက်ခဲ့တာနောင်တမရပေမယ့် မေမေ့ကိုအရမ်းအားနာသည်။

"မေမေ့ကိုယုံပါသားရယ် သားဇိုက်ကိုလည်းမေမေချစ်ပြီးသားပဲလေ သားယုံပါနော်"

ဘာစကားမြှပန်မပြောတဲ့ နိုနိုးကြောင့်မေမေကသူ့ကိုမယုံဘူးဟုအထင်မှားသွားပုံရသည်။

"သား သားမေမေ့ကိုမယုံလို့မဟုတ်ပါဘူး၊ ဖေ~ ဖေချစ်နဲ့ဖေမြမောင် ဟင့်~နိုနိုးကြောက်တယ်"

"ဘာမှမကြောက်ပါနဲ့သားရယ် မေမေကအဆင်ပြေတယ်ဆိုအဲ့ဒါအဆင်ပြေလို့ပဲ၊ သားဖေချစ်ကိုကြောက်စရာမလိုဘူး ဖေမြမောင်လည်းမပူနဲ့ မေမေသွယ့်ကိုပြောထားတယ်တယ် သားတို့အဆင်ပြေအောင် မေမေတို့စီစဉ်ပါ့မယ်သားရယ် နော်"

"နိုနိုး~ နိုး လွမ်းတယ် အင့်! အီးဟီး~~"

"မေ~မေရောပဲ မေ့သားလေးကိုလွမ်းတယ် အီးဟီး~"

နိုနိုးငိုတော့ ဇိုက်ကသူ့ရင်ဘက်ထဲပစ်ထည့်လို့ ဆက်ငိုစေသည်။ ဇိုက်ကရော ဘယ်လိုဆုံးဖြတ်မှာလဲ။
ဒီမှာအခြေကျနေတော့ နိုနိုးတို့ဟိုကိုပြန်ဖို့အဆင်ပြေပါ့မလား။ အိမ်နဲ့ခြံ ၊ နေ့စဉ်ပုံမှန်ဝင်ငွေ ငါးသောင်းထက်မနည်းရနေတဲ့စီးပွားရေးတွေ ပြီးတော့ဘာအတိုက်ခိုက်မှမရှိတဲ့ ပတ်ဝန်းကျင် ဟိုမှာထက်စာရင်နိုနိုးတို့အတွက် ဒီမှာကအများကြီးအဆင်ပြေတယ်ပြောရမည်။ ဒီဆိုင်ကြီးဒီအခြေနေဖြစ်အောင် ဇိုက်ဘယ်လိုရုန်းကန်ထားရတယ်နိုနိုးအသိဆုံး။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now